part 13

79 8 0
                                    


ကိုကိုကအလုပ်ကိစ္စကြောင့်ခရီးထွက်သွားသည်နှင့် သူမားမားတို့အိမ်မှာပဲနေဖြစ်နေသည် ၄ရက်ခရီးလေးကိုသူမှာငိုလိုက်ရသေးတယ် ကိုကိုသွားခါနီးကို။

ညဆိုပိုလွမ်းမိပါသည် ကိုကိုရင်ခွင်ထဲ၀င်ပြီးအိပ်တတ်တဲ့သူ့အတွက် ညကိုအိပ်ဆေးနှင့်သာအိပ်ဖြစ်နေသည်။၂ရက်တောင်ရှိခဲ့ပြီ ကိုကိုမရှိတဲ့၂ရက်ဟာ သူ့အတွက် သိပ်အထီးကျန်ပြီး ငိုချင်နေတော့၏။

VCပြောနေရင်းထထငိုတတ်တဲ့သူ့ကို ကိုကိုက လှမ်းလှမ်းချော့နေရတာအလုပ်တစ်ခုဖြစ်နေတော့သည်။

"Kai မင်းငါ့ဆီလာလည်တာလား ငါ့အစ်မလာလာတွေ့နေတာလာ"

"ရာ မင်းကလည်း မင်းကိုလာတွေ့တာပေါ့ "

"ဟက် နေ့တိုင်းလာတွေ့နေတော့တာပဲနော် အရင်ကဒီလိုမှမဟုတ်ဘဲ"

"မမှမရှိတာငါသ်ိတာပေါ့ အမြဲအလုပ်ထဲခေါင်းနစ်နေတဲ့မင်းမကိုလေ ငါကပဲပိုချစ်နေရသလိုပဲ"

"ငါ့ကိုတော့လာရင်မဖွင့်နဲ့တော့ မင်းနဲ့သဘောတူသေးတာမဟုတ်ဖူး"

မျက်စောင်းထိုးလိူက်တော့ ရယ်ပြနေတဲ့Kaiကို ခေါင်းတစ်ချက်လှမ်းထုလိုက်တော့ ဘာလို့ထုတာလဲဆိုတဲ့အကြည့်နဲ့သူ့ကိုပြန်ကြည့်နေသည်။

"ငါမေးစရာရှိတယ်"

"မေးလေ ဘာမေးမလို့လဲ"

"မင်းနဲ့မင်းကိုကို ဒီတိုင်းတစ်သက်လုံးနှစ်ယောက်တည်းနေသွားနိုင်ပါ့မလား"

"ဘာရီးလဲ မင်းစကားကြီးက"

"ငါဆို မိသားစုတစ်ခုလိုချင်တယ်ကွာ ဥပမာသားသားမီးမီးတွေနဲ့လေ အာ့ကြောင့်မင်းကိုကိုကလည်းငါလ်ိုစိတ်များရှိနေမလားလို့"

"ငါ့မှ မမွေးပေးနိုင်တာ"

၀မ်းနည်းသွားရသည်မှာBaekhyunရယ်ပါ။

"မင်းကိုကို့ကိုမေးကြည့်သင့်တယ် သူလိုချင်တယ်ဆိုကလေးတစ်ယောက်လောက်မွေးစားလိုက်ပေါ့ကွာမဟုတ်ဖူးလား"

အိမ်ထောင်တစ်ခုမှာ လူတိုင်းက ကလေးတွေတော့ရှိကြသည် ဘာလို့ဆို ဒီအိမ်ထောင်ရေးမြဲဖို့ပင်။

ကိုကို့မျက်နှာ တစ်ကမ္ဘာWhere stories live. Discover now