"ဟားဟား တကယ့်ကောင်တွေ"
ဇနီးနဲ့ကလေးတွေရဲ့အကြောင်းက မနက်ခင်းကိုပိုပြီးပြည့်စုံစေခဲ့သည်ဘဲဆိုရလေမလား၊အပြုံးတွေရယ်မောမှုတွေနဲ့ နိုးထဆက်သွားရမည့်တနေ့တာဟာ ဦးမိုးဝေအဖို့တစ်နေ့လုံးအားတက်စေရော့မည်။
လင်းကြက်တွန်သည့်အချိန်မှစ၍ နေရဲ့အလင်းရောင်ဖျာကျလာသည်အထိ အိပ်ရာမှမထနိုင်ဘဲ သူ့အားချိတ်တွယ်ဖက်ထားလေတဲ့လက်သေးသေးလေးနဲ ခြေထောက်လေးအား ပင်တိုင်နိုးသွားမည်ဆိုး၍လင်းခေးမဖယ်ရက်ပါ။
သူ့ခါးအားခြေထောက်ကလေးဖြင့်ချိတ်ထားပြီး လက်များကလည်းသူ့အားဖက်တွယ်ထားသည့်အပြင် ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ကလေးလေးကအပူအပင်ကင်းစွာအိပ်ပျော်နေလေသည်။ဤပုံနဲ့ မြို့မှာကျောင်းသွားတက်ရမည့်အရေး ဒီကလေးကိုအဘယ်သို့ပင်နှုတ်ဆက်စကားပြောနိုင်မည်နည်း။
"ဟင့်"
ညဥ်းသံတဲ့တဲ့လေးထွက်ပေါ်လာပြီး ရင်ခွင်ထဲခေါင်းလေးပိုတိုးဝင်လာတဲ့ကလေးလေးရဲ့နဖူးလေးက အသည်းယားဖွယ်အတိ။
နဖူးကျဥ်းကျဥ္းလေးအပေါ် ဖရိုဖရဲနဲ့ကျနေတဲ့ဆံပင်နုနုလေးတွေအား လင်းခေးငြင်သာစွာဖယ်၍ မြင်နေရတဲ့နဖူးပြင်လေးအားခပ်ဖွဖွနမ်းရှိုက်လိုက်၏။အိပ်မောကျနေတဲ့ကလေးလေးကတော့ ခပ်ဖွဖွအနမ်းလေးနဲ့နိုးသွားမည်မထင်ပါ။
ဒေါက်.....ဒေါက်.......
"ကလေးတွေမထကြသေးဘူးလား"
ပင်တိုင်နိုးသွားမည်ကိုစိုးရိမ်စိတ်ကြောင့် လင်းခေးခပ်ဖွဖွနမ်းလိုက်သော်ငြား ကျယ်လောင်စွာထွက်ပေါ်လာတဲ့တံခါးခေါက်သံနှင့်အတူ ဒေါ်အေးသွယ်ရဲ့အော်နှိုးသံကတော့ ပင်တိုင့်ကိုနိုးသွားစေခဲ့ပြီ။
မျက်လုံးလေးပွတ်ကာ ရင်ခွင်ထဲကအတင်းကုန်းရုန်းထနေတဲ့ကလေးကထနေပြီမို့ လင်းခေးလည်းမထလို့မဖြစ်တော့ပေ။
ကမူးကတူးနဲ့ထပြီး တံခါးဆီသွားဖို့ပြင်နေတဲ့ပင်တိုင့်ကိုကောက်ချီလိုက်တာကြောင့် မျက်လုံးလေးတွေအစ်မို့နေတဲ့ကလေးက သွားသေးသေးလေးတွေပေါ်သည်အထိပြုံးပြလာပုံက ဖြူစင်ပြီးချစ်စရာအတိ။
![](https://img.wattpad.com/cover/307344552-288-k669550.jpg)
တပင်တိုင် part 3
Start from the beginning