" Orchid တို့ကမတားပါဘူး။ နေချင်တယ်ဆိုရင်တောင် Kekiကိုယ်ထဲ ၀င်ထားတဲ့ missions တွေက အချိန်နဲ့ လုပ်ရတဲ့ဟာတွေ ဆိုတာတော့ သတိပေးလိုက်မယ်။ Mission က အချိန်ကြာသွားလို့ မိဘတွေ တစ်ခုခုဖြစ်တာတို့ ၊ Kosuke အန္တရာယ် ကျသွားတာတို့ဆို mission fail သွားနိုင်တာသတိထားပါ။ "

" အွန် အွန် အခုတော့ လောလောဆယ် နေသာထိုင်သာရှိသွားအောင် ၀ရံတာမှာ အပင်လေးစိုက်လိုက်ဦးမယ်။ "

Keki သူ့အိပ်ခန်းဘေးက ၀ရံတာကိုထွက်ခဲ့လိုက်တယ်။ တခြားအိမ်တွေလို ၀ရံတာက အိမ်‌ရှေ့လမ်းမကို မျက်နှာမူထားတာမဟုတ်ဘဲနဲ့၊ အိမ်နောက်ဖေးကို လှည့်ထားတယ်။ ၀ရံတာကနေ ကြည့်လိုက်ရင် ရေကူးကန်အကျယ်ကြီးတစ်ခုကို မြင်ရတယ်။ အဲ့နောက်မှာတော့ နှင်းဆီပန်းခင်းလေးတစ်ခုနဲ့အတူ လိပ်ပြာလေးတွေနဲ့ လှပနေတာကို မြင်နေရတယ်။

နွေဦးရောက်ခါနီးနေပြီမို့ ဆာကူရာပန်းအဖူးလေးတွေကိုလဲ အနောက်ခပ်လှမ်းလှမ်းမှာ စိုက်ထားတာကို တွေ့နေရတယ်။ မှတ်ဉာဏ်ကို ရှာကြည့်လိုက်တော့ သူစိုက်ထားတာမဟုတ်ဘဲ၊ သူ့အကို Kosuke စိုက်ထားတာဆိုတာ သိလိုက်ရတယ်။ သူ့အကိုက ပန်းတွေကို အရမ်းချစ်တဲ့ပုံပါဘဲ။ Keki လည်း သစ်ပင်စွမ်းအင်တွေကို ခံစားလိုက်ရတာမို့ စွမ်းအင်တွေ ပြည့်၀သွားသလိုပါဘဲ။ သူ့စိတ်ကူးထဲက အတိုင်း ၀ရံတာမှာ ပန်းပင်စိုက်ဖို့ ပန်းအိုးကို သစ်ပင်အစွမ်းနဲ့ဘဲ ပြုလုပ်လိုက်တယ်။ သူ့လက်နှစ်ဖက်ကနေ အစိမ်းရောင်စွမ်းအင်တွေပေါ်လာပြီးတော့ သစ်သားတွေထွက်လာကာ ပန်းအိုးပုံသဏ္ဍာန် ပုံဖော်သွားကြတယ်။

ထူးခြားတာက ပန်းအိုးမှာ လူတစ်ယောက် တရားထိုင်နေတဲ့ပုံပေါ်လာပြီး သစ်ပင်တွေ ကြီးပြင်းလာပုံကို ကနုတ်ပန်းသဖွယ် ထွင်းထုထားတာကို အံ့ဩဖွယ် မြင်နေရတယ်။

" Orchid အဲ့တာ ဘာဖြစ်တာလဲ။ ငါအဲ့ပုံကိုမဆွဲမိတာကတော့ သေချာပါတယ်။ "

" သတိုးရဲ့ သစ်ပင်စွမ်းအားက အဆင့်မြှင့်လာတာမို့ ဒီလိုတွေ ပေါ်လာတာပါ။ အချိန်ကျလို့ စွမ်းအားတွေ ပိုပြီး အဆင့်မြှင့်လာရင် ထူးခြားမှုတွေက ဒီထက်ပိုပေါ်လာပါလိမ့်မယ်။ သာမန်လူတွေကတော့ ဒီပန်းအိုးကို မြင်ရုံနဲ့ ဘာမှသိမှာမဟုတ်ဘူး။ ဒါပေမယ့် တခြားနတ်ဘုရား‌နဲ့ နတ်ဘုရားတပည့်တွေ ၊ အထူးသဖြင့် သစ်ပင်နတ်ဘုရားရဲ့တပည့်တွေမြင်ရင် သတိုးရဲ့စွမ်းအားအဆင့်ကို စစ်ဆေးနိုင်ကြပါလိမ့်မယ်။"

You've reached the end of published parts.

⏰ Last updated: Apr 12, 2023 ⏰

Add this story to your Library to get notified about new parts!

Training with system to be a god Where stories live. Discover now