Ch-35 (arc 4-2)

131 22 4
                                    

Unicode

Keki တို့ဟာ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး နောက်နေ့မနက်မှာဘဲ အိမ်ကိုပြန်ခဲ့လိုက်တယ်။ ဆေးရုံအတွက်အကြောင်းပြချက်ကတော့ ပရိသတ်‌တွေနဲ့ ဆူညံနေမှာစိုးလို့ဆိုပြီးတော့ပေါ့။ အိမ်မှာ မိသားစုဆရာ၀န်နဲ့ ဆက်ကုမှာပါ့ဆိုပြီး ဆေးရုံဆင်းလာကြတာပေါ့။

အိမ်ကိုပြန်ရောက်လာတော့ အိမ်ပုံစံကိုတစ်ချက်ကြည့်လိုက်တယ်။ မှတ်ဉာဏ်တွေထဲမှာ မြင်နေကြဆိုပေမယ့် အပြင်မှာတွေ့နေရတာနဲ့တော့ ခံစားချက်ချင်း မတူဘူးပေါ့။ ပါးစပ်ကသာ အိမ်လို့ ပြောတာ မသိရင် နန်းတွင်းမျိုးဆက်တွေရဲ့ စံအိမ်လို့‌တောင် ပြောလို့ရတယ်။ အိမ်ထဲ၀င်၀င်ချင်း ဧည့်ခန်းက အကျယ်ကြီးကိုမှ နာမည်ကြီး ပန်းချီကားတွေ၊ ပန်းပုလက်ရာတွေ၊ အလှပန်းအိုးတွေနဲ့ ပြည့်နေတယ်။ အခန်းရဲ့ မြောက်ဘက်ထောင့်ကနေ အိမ်ပေါ်ကို တက်တဲ့ လှေကားကလည်း သစ်သားတွေနဲ့ လုပ်ထားတာကိုတွေ့ရတယ်။ ဂျပန်လို အိမ်ဆောက်သစ်သား ရှားပါးတဲ့ Tokyo မြို့ကြီးမှာ စပ်ထားတဲ့ စပ်သစ်သားတောင်မဟုတ်ဘဲ သစ်ချောသားအကြီးကြီးကိုတောင် ငွေကုန်ကြေးကျခံပြီး လှေကားမှာသုံးထားတာကတော့ ဒီမိသားစုရဲ့ အမွေကို အထင်သေးမိတဲ့ပုံဘဲ။

အပေါ်မတက်ဘဲ အနောက်ဘက်ကို ၀င်သွားပြန်တော့ ညာဘက်မှာ ရေပူစမ်းကန်ကို သဘာ၀နဲ့ တူအောင် ရေထွက်ပေါက် အသေးစားလေးတွေတောင် ထည့်ထားသေးတယ်။ ဘယ်ဘက်မှာ ထမင်းစားခန်းရယ် အဲ့အနောက်ဘက် ကပ်ရပ်ကတော့ မီးဖိုခန်းပေါ့။ မီးဖိုခန်းကလည်း လူ သုံးလေးယောက် တစ်ပြိုင်တည်း ချောင်ချောင်ချိချိ ဟင်းချက်လို့ရလောက်အောင်ကို ကျယ်တယ်။ ဟူး လူချမ်းသာတွေကတော့ တစ်ကယ်ကို အခွင့်ထူးခံတွေပါဘဲ။

အပေါ်တက်လိုက်တော့ ဒုတိယထပ်က သူ့မိဘတွေ အတွက် တတိယထပ်ကိုတော့ သူ့အပိုင်ပေါ့။ သူ့အကို Kosuke ကတော့ စတုတ္ထထပ်ပေါ့။သူလဲ တတိယထပ်ကို တက်လာလိုက်တော့ စတူဒီယိုခန်း၊ Gym ဆော့တဲ့အခန်း၊ အကကျင့်တဲ့အခန်း ၊ စာကြည့်တဲ့အခန်းတွေရယ်၊ သူ့အိပ်ခန်းတွေရယ် ရရှိနေတယ်။

"Orchid ရေ ငါတော့ ဒီဘ၀ကို တစ်ကယ် မနာလိုတယ်။ ဒီဘ၀မှာ ခပ်ကြာကြာနေသွားလို့ရမလား။ ဟီး "

Você leu todos os capítulos publicados.

⏰ Última atualização: Apr 12, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Training with system to be a god Onde histórias criam vida. Descubra agora