"ဖန်း.ဟုန်.စီ"

ရိပေါ်ကတစ်လုံးချင်းအားတင်းကာအသံထွက်မိတော့ရှေ့ကလူကမျက်နှာဖုံးထားတဲ့ပုဝါမည်းကိုချွတ်လိုက်တယ်။သူ့ရှေ့ကလူကဖန်းဟုန်စီပဲကို။မဲ့ပြုံးတစ်ခုနဲ့အတူကျေနပ်အားရစွာနဲ့သူ့ကိုယ်ပေါ်ကဒဏ်ရာတွေကိုအရသာခံကြည့်နေသည်။

"မင်းရဲ့သွေးကိုရှောင်းလင်မယားအတွက်အရက်အဖြစ်ငါယူသွားပေးရင်သူတို့သိပ်ကိုကျေနပ်သွားမှာ "

".........."

"မင်းသိလား..ဟက် ငါကမင်းကိုရှောင်းကျန့်လက်နဲ့သတ်တာလိုချင်တာဒါပေမဲ့အဲ့ကောင်စုတ်လေးကငါ့အစီအစဥ်တွေကိုဖျက်ပစ်လိုက်တယ်​ေလငါ့အကြံတွေကိုလှည့်ကွက်တွေနဲ့မလိမ့်တပတ်လုပ်နေတာ ရှောင်းကျန့်ကမင်းတို့ကိုပါမာယာပါးပါးလေးသုံးခဲ့တာ..အဟင်း..ငါ့ကိုရောပေါ့ "

"မင်းဘာတွေပြောနေတာလဲ"

"မင်းသိချင်ရင်ပြောပြရမှာပေါ့ မင်းကိုသတ်ဖို့အတွက်ရှောင်းကျန့်ကိုလှည့်စားပြီးမင်းအနားရောက်အောင်လုပ်ခဲ့တာ သူကိုယ်တိုင်မင်းကိုသတ်အောင်ငါဖန်တီးခဲ့တာ ဒါပေမဲ့ဘယ်ထင်မလဲရှောင်းကျန့်ကငါ့ကိုပြန်လှည့်စားပြီးမင်းကိုလွတ်မြောက်ခွင့်ပေးလိုက်မယ်လို့ ..အဲ့တော့ငါကနောက်တစ်နည်းသုံးပြီးသခင်ကြီးဝမ်ကိုကုန်းတိုက်ပေးလိုက်တာ.."

"မင်းကမြေခွေးပဲ"

"ခုမှသိတာလား "

ဖန်းဟုန်စီကသူ့ရှေ့မှာဟိုဘက်ဒီဘက်တစ်လှမ်းချင်းလျောက်ပြီးသူ့ပြဇာတ်ကိုထပ်ပြောသည်။

"သခင်ကြီးဝမ်ကအရမ်းသဝန်တိုတတ်တော့မထိတထိလေးဆွပေးလိုက်ရုံပဲ သူကဘယ်လောက်ပဲထက်မြတ်ပြီးတော်နေပါစေရှောင်းကျန့်နဲ့ပက်သက်လာရင်ငတုံးတစ်ယောက်ဖြစ်သွားရော ဒါပေမဲ့ဒီငတုံးကိုပဲငါကအသေရရအရှင်ရရလိုချင်နေမိတာတော့ခတ်တာပဲ...သခင်ကြီးဝမ်ကိုမင်းနဲ့ရှောင်းကျန့်ပူးပေါင်းနေပါတယ်လို့ပြောလိုက်တော့သူ့မှာစဥ်းစားနိုင်စွမ်းတောင်မရှိတော့ဘူး..ဟား.ဒေါသ အချစ်ကြီးမှုတွေ အဆုံးအရှုံးမခံချင်တဲ့စိတ် သဝန်တိုမှုတွေပေါင်းပြီး..ဟော.ခုကြည်​့ မလုပ်သင့်တာတွေထလုပ်ကုန်ရော..အဓိက ကမင်းသေဖို့ပဲဝမ်ရိပေါ်"

TRICK ✔حيث تعيش القصص. اكتشف الآن