31.8.2005. August လ မိုးတဖွဲဖွဲရွာနေချိန် သားဖွားမီးရပ်ဆေးရုံထဲမှ ကလေးငယ်တစ်ဦး၏ ငိုသံထွက်ပေါ်လာ၏....
"ကလေးမလေး ကျန်းကျန်းမာမာ ရှိတယ် အမရေ စိတ်မပူနဲ့နော်...."
"ဟုတ်ကဲ့ doctor "
"ဘာမှမပူနဲ့နော် သမီးလေး အမေက သမီးကို အသက်ရှင်အောင်ထားမှာ မပူနဲ့နော်..."
ကလေးမွေးဖွားပြီး နောက်တစ်ရက်တွင်
ဒေါ်ယုယုမိုး တစ်ယောက် ဆေးရုံကနေ ကလေးတစ်ဖက်ဖြင့် ဆေးရုံဆင်းလာ၏.....အိမ်အဝင်တွင်...
"ယုယုမိုး ညည်း အဲ့ကလေးနဲ့အိမ်အထဲမဝင်ရဘူး...."
"ဘာဖစ်လို့လဲ အမသန္တာ ဒါကလေးက အမ မောင်ရဲ့သွေးသားအရင်းပါ...."
"အို...သွေးသားအရင်းဆိုပေမယ့် ငါတစ်ခါထဲ ပြောပြီးသားလေ မွေးလာမယ့်ကလေးက မိန်းကလေးဆိုရင်တစ်ခါထဲဖျတ်ချခဲ့လို့ ငါပြောပြီးသားလေ..."
"အမ ကလေးမှာဘာအပြစ်ရှိလို့လဲ မိန်းကလေးဖစ်ဖစ်ယောကျ်ားလေးဖစ်ဖစ် သွေးသားအရင်းဘဲလေ"
"ယု တော်တော့...မမကို မင်းပြန်ပြောစရာအကြောင်းမရှိဘူး...အစကတည်းက မိန်းကလေး ဆိုမလိုချင်ဘူး ဖျတ်ချလို့ပြောထားတာကို မင်းမှနားမထောင်ဘဲမွေးတာကို...."
"အော် ကိုရဲလင်းအောင်...ရှင်မို့ပြောရက်တယ်နော်...သူကရှင့်ရဲ့သွေးသားအရင်းပါ ဟော့ဒီက
သားလေးဟိဏ်းမင်းထက်ရဲ့ ညီမအရင်းပါ...."
"ငါဘာမှမသိချင်ဘူး ငါ့မမပြောသလိုလုပ် ဒီကလေးကို နင် မိဘမဲ့ဂေဟါပို့လိုက် ပိးရင် ငါတို့မိသားစုက ၃ ယောက်ထဲဘဲ နင်ရယ်ငါရယ် ငါ့သားရယ် ငါတို့မှာသွေးသားဆိုလို့ ဒီသားလေးတစ်ယောက်ဘဲရှိတယ် အဲ့လိုမှတ်ထား...."
"ကျွန်မတော့အဲ့လိုမလုပ်နိုင်ဘူး ကိုရဲလင်းအောင် ဒါဆိုလည်း ကျွန်မဘက်က ပြတ်ပြတ်သားသားပြောတာပေါ့...ဒိကလေးကို ကျွန်မ ရအောင်ပြုစုပျိုးထောင်မှာ အဲ့တာကိုရှင်လက်မခံနိုင်ရင် ရှင်နဲ့ကျွန်မနဲ့ကွာမယ် ကျွန်မရဲ့ ရှယ်ယာတွေလည်း ပြန်ထုတ်မယ် ရှင်ကြိုက်တဲ့လမ်းရွေးပါ ကိုရဲလင်းအောင်...."
"ဒိမိန်းမတော့ကွာ....မမဘယ်လိုလုပ်ကြမလဲ..."
"ဒါဆိုဒိလိုလုပ် ဒီကလေးကို ပြုစုပျိုးထောင်ခွင့်ပေးမယ် ဒါပေမယ့် တစ်အိမ်ထဲတော့နေခွင့်မပေးနိုင်ဘူး.... ဒိကလေးမကို သက်သက်တစ်အိမ်ထား...ငါ့တူလေးနဲ့အတူတူမထားနိုင်ပါဘူး...."
"မင်းတို့ကတော်တော်လွန်တယ်မထင်ဘူးလား သန္တာ..."
"ရှင်မသိရင် ငြိမ်ငြိမ်နေစမ်းပါ ကိုကျော်ထွန်း....ကျွန်မစီစဥ်နေတာရှင်ဝင်မပါပါနဲ့...."
"ဟုတ်တယ် မမပြောတဲ့အတိုင်းဘဲ ဒီထက်ပိုပြီးတော့လိုက်မလျောပေးနိုင်ဘူး ယု...."
"ဟုတ်ပီလေ...ကျွန်မကရှင်တို့လို မောင်နှမ မှမရှိတာ မိဘတွေကလဲ ဆုံးသွားတော့ ရပါတယ် ရှင်တို့ပြောသလိုလုပ်တာပေါ့....ဝသန် ..."
"ဟုတ်ကဲ့ မမလေး.... "
"လာငါတို့ အမေ့အိမ်သွားရအောင် သမီးလေးအတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင်...."
"ဟူတ်ကဲ့ မမလေး..."
"မေမေသားညီမလေးကိုပြပါအုံး..."
"သား ဒိမှာသား ညီမ.."
"သားဟိဏ်းမင်းထက်...ဒိကိုလာစမ်း..."
"တီလေး လွှတ်ပါသားနာတယ်..."
"ဟိဏ်းမင်းထက်..ဒိကလေးမနဲ့ သားနဲ့က ဘာမှမတော်ဘူး ခေါင်းထဲမှာမြဲမြဲမှတ်ထား...."
"အမသန္တာ!!"
"စိတ်ထိန်းပါ မမလေး...ဝသန်တို့အရင်သွားကြရအောင်...."
