ရင်ခွင်ထဲကအိပ်ပျော်နေကြသူလေးဦး၏လုံးသည်အတော်ပင် ချောမောလှပကြသည်
ဧကရာဇ်ကအိပ်‌ပျော်‌နေ‌သောဧကရီကိုချီလာ၏
ရှန်ဝမ်မင်းသားကလည်း ဗိုက်ပူပူလေးနှင့် ရှန်ဝမ်ဖေးကိုချီလာတယ်။

သူတို့အကြည့်ကိုရိပ်မိသည်အထင်နှင့်ဧကရာဇ်ကြီးက ဧကရီ၏မျက်နှာအား သူ့ဝတ်ရုံလက်ကြီးဖြင့်ကာဆီးပိတ်ပင်လာကာ သူတို့အား‌အေးစက်စက်တစ်ချက်ကြည့်လာ၏

သူတို့ဘာများမှားသွားလို့လဲ?

နောက်ထပ်နှစ်ယောက်ကတော့....

အရိပ်သက်တော်စောင့်ချန်နင်က မုရွမ်လုံကိုချီထား၏
ချန်နင်ကတော့ သူ့ရင်ခွင်ထဲမှာအ‌သေကောင်လိုအိပ်ပျော်နေသောဒီလူအား ပစ်ချပစ်လိုက်ချင်သည်
အဘယ်ကြောင့်ဒီလောက်ထိသတိလက်လွှတ်အိပ်နိုင်ရပါသနည်း?အမ်း ယောင်္ကျားလေးတစ်ယောက်က ဒီလောက်ပေါ့စရာလိုလို့လား
သူကယောက်ျားမဒီတယောက်မို့လား?
ကျစ်....သူဘာတွေတွေးနေတာလဲ!

[note_အရိပ်သက်တော်စောင့်ကသုံးရောက်ရှိတယ်နော်
ချင်ရိနဲ့ချိရိက အမွှာမိန်းကလေးနှစ်ယောက်၊ချန်နင်က ရုပ်ဖောင့်တဲ့ ယောင်္ကျားလေးပါ။
အဟမ်း....တို့ကောင်လေးပေါ့]

သမားတော်မုရွမ်လုံနှင့်အတူပါလာသော ဆေးအကူ/အစေခံကောင်လေးကိုတော့ ဝမ်ရန်ကျိုး၏ လူယုံ လီမင်ကျီက
ပွေ့ခေါ်လာ၏။လီမင်ကျီအနှီကောင်ငယ်လေးကိုငုံ့ကြည့်မိ၏
ထိုကောင်လေးသည်လည်း ချစ်စရာကောင်းသည့် ကောင်ငယ်လေးပင်....ထိုကောင်လေးကတော့လီယွင်ဖေးပင်ဖြစ်၏။

ထိုမြင်ကွင်းကို ချိရိတယောက် နှာခေါင်းသွေးလျှံရင်းဖြင့်သာ ကြည့်နေမိ၏။
သူမမျက်လုံးများက သူ့မရှေ့မှယောက်ျားသား၈ယောက်အား
တောက်ပရွှန်းလဲ့သော မျက်လုံးရွဲကြီးများဖြင့်ကြည့်နေမိ၏

ဘေးကမနေနိုင်တော့သောချင်ရိတယောက် သူ့မ၏ မိနစ်ပိုင်းသာခြားသော အကျင့်မတူသည့် ညီမအား လက်ကိုင်ပဝါကမ်းပေးလိုက်ရင်း
"ရော့ သွေးတွေသုတ်လိုက်ဦး မိန်းကလေးဖြစ်ပြီး"
*တကယ်ကို ကျားကျားယားယားနဲ့ ဝတ်ရုံလက်ပြတ်(LGBT)အားပေးသူတစ်ယောက်ပဲ*
သူမနောက်ဆုံးစကားစုကိုတော့ စိတ်ထဲကပဲပြောလိုက်တော့၏

🍁ချစ်မိဖုရား🍁Where stories live. Discover now