Part2

68 11 1
                                    

"ကိုကို မင်ညောင်းရေ"

အီမင်ဟျောင်း နောက်သို့လှည့်ကြည့်ရာ သူ့ဆီ အ‌ပြေးလာနေသောကလေးကို လက်နှစ်ဖက်ဖြန့်ကာ စီးကြိုးလိုက်၏
သူ့အနားအပြေးရောက်လာသော ကလေးကို ပွေ့ဖက်လိုက်ရာ ကလေးလေးက တစ်ခိခိနဲ့ ရယ်နေလေရဲ့

"ကိုကို မင်ညောင်း ဘာယို့ သားသားချီ မယာတာယဲ သားသားက ကိုကို့ကို ညေ့တိုင်းချောင့်နေတာ ထမင်းယဲ မှန်မှန်ချားတယ် မားသားရဲ့ ချကားကိုယဲ နားထောင်သယ်  အဲ့တာတောင် ကိုကိုက သားသားကို ယာမတွေ့ဝူး ကိုကို့ကို ချိတ်ချိုးတယ် ဟွန့်"
စိတ်ဆိုးနေတဲ့ကလေးတဲ့ သူပဲ အရင်အပြေးလေးလာနှုတ်ဆက်သူ

" အီဒုံဟျော့က စိတ်ဆိုးနေတာလား ပြပါဦးစိတ်ဆိုးတဲ့ ရုပ်၊ အမယ် တကယ်ကြီး စိတ်ဆိုးနေတာတော့ နှုတ်ခမ်းလေးကို စူးထော်လို့ ကိုကိုကြောက်တယ်"

"ဟွန့်" ဆိုပြီး ခေါင်းကို ဆက်ခနဲတစ်ဖက်ကို လှည့်ပြီး လက်ကိုလည်း ပိုက်ထားသေးသည်

မင်ဟျောင်းကလည်း ကလေးချစ်တတ်ပေမယ့် သူကိုယ်တိုင်ကိုက တစ်ဦးတည်းသောသား ဖူးဖူးမှုတ်ခံထားရသော ကလေးဖြစ်သောအခါ သူ့အတွက် တကယ်ချော့ဖို့ဆိုတာ မလွယ်ကူလှပေ ဘယ်လိုပဲဖြစ်ဖြစ် သူဒီကလေးကိုတော့ ချစ်မြတ်နိုးလို့ သူချော့တတ်သလိုချော့ဖို့ စဉ်းစားလိုက်၏

"ဒုံဟျော့က စိတ်ဆိုးနေတာဆိုတော့ ကိုကို အိမ်ပြန်မယ်လေနော် ကိုကို့ကို မမြင်ချင်သေးဘူးမလား ဒုံဟျော့ စိတ်ဆိုးပြေရင် မားသားကိုပြောလိုက် ကိုကို့ကို ပြန်ခေါ်ပေးဖို့ အဲ့ဆို ကိုကိုပြန်လာမယ်လေနော်"
ဆိုပြီး ဒုံဟျော့ရဲ့ ကိုယ်လေးကို အောက်သို့ချပေးပြီး ပြန်ဖို့လုပ်နေရာ အနောက်က ရှိုက်သံကြားလို့ လှည့်ကြည့်လိုက်‌တော့ သူ့ကို မျက်ရည်အဝိုင်းသားနဲ့ ရှိုက်သံအတတ်နိုင်ဆုံးထိန်းချုပ်ပြီး ငိုနေလေရဲ့

မင်ဟျောင်းလည်း ပြာပြာသလဲ သူ့စီသွားပြီး အငိုတိတ်ဖို့ ပြော‌နေတာကို ဟိုက ပြောလေပို‌ငိုလေဖြစ်တော့ မင်ဟျောင်းလည်း သူ့ကို အငိုတိတ်စေဖို့ရာ လက်က သူ့ရဲ့ အကြိုက်ဆုံး နာရီလေးကို ပေးလိုက်သည် အဲ့တော့မှ ဒုံဟျော့အငိုတိတ်ပြီး ကလေးသဘာ၀ သူသဘောကျနေတာကြာပြီဖြစ်တဲ့ နာရီကို ရတော့မှ ပြန်ပြီး အပြုံးဆင်နိုင်တော့သည်

You've reached the end of published parts.

⏰ Last updated: Mar 20, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်တဲ့လား [Loving you is a crime]Where stories live. Discover now