သေချာကြည့်မှ သားငယ်ရဲ့ နှုတ်ခမ်းထူထူတွေ မျက်နှာကျတွေနဲ့ အသားအရေကအစ နွယ်နဲ့ တစ်စက်မှမတူ..။ သူ့ဒယ်ဒီနဲ့သာသွားတူလေသည်။ သားက လမစေ့ဘဲ မွေးတာကြောင့် သေးသေးညှပ်ညှပ်လေးဖြစ်နေ၏။
အဖြူရောင်ခေါင်းစွပ်လေးနဲ့ နောက်ကွဲအင်္ကျီနှင့် ဒိုက်ဘာကိုဝတ်ထားတဲ့သားက အသည်းယားဖို့ သိပ်ကောင်း၏။

နွယ်တို့ ကြည့်နေတုန်းမှာပဲ သားက လှုပ်စိလှုပ်စိဖြစ်လာပြီး ဗြဲခနဲ အော်ငိုလာသည်။

“ အူဝဲ..အူဝဲ”

“ ဟောဗျာ သားငယ်က မျက်လုံးတောင်မဖွင့်ဘဲ သူ့ဖေဖေလာလို့ ဆိုးပြနေတာ ဒယ်ဒီ့သားငယ်က “

မောင်က ထိုသို့ပြောကာ မှန်ပေါင်းချောင်ထဲက သားငယ်ကို ထုတ်လိုက်ပြီး စွေ့ခနဲ မ ချီကာ ဘယ်လက်လက်မောင်းအပေါ်မှာ တစောင်းလေးတင်ထားပြီး တကျွတ်ကျွတ်နဲ့ သားလုပ်သူကို ချော့နေသည်။

မောင်က ကလေးကိစ္စတွေမှာ နွယ့်ထက် စီနီယာပိုကျ၏။ ကလေးငိုတာနဲ့ ဘာမှမလုပ်တတ်တော့တာက နွယ်ပဲဖြစ်၏။

“ ဒယ်ဒီ့သားငယ်က အဆိုးလေးပဲ..မငိုနဲ့တော့နော် ဖေဖေက ချီချင်လို့လာတွေ့တဲ့ နေ့မှာ သားငယ်ဆိုးလို့ မချီတော့ရင် ဘယ်လိုလုပ်မလဲ “

မျက်ရည်ဝေ့နေတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေသည့် သားငယ်ကို မောင်က ထိုသို့စတော့ သားငယ်က နားလည်သလားမသိ နွယ့်ဘက်ကို ပြန်ကြည့်လာသည်။

“ မောင့်..ကလေးကို ဘာတွေပြောနေတာလဲ..‌ဒယ်ဒီပြောတာမယုံနဲ့နော် သားငယ် ဖေဖေက သားငယ်ဆိုးဆိုး မဆိုးဆိုးချစ်မှာသိလား “

မွေးကင်းစကလေးကို အလည်မှာထားကာ စသူက စ မခံနိုင်သူက ပြန်ပြောနှင့် ဤကလေးအထူးကြပ်မတ်ဆောင်ထဲမှာ ဆူဆူညံညံနှင့် ဖြစ်နေပါတော့၏။

“ ချီမလား နွယ် “

“ ဟိုနားမှာထိုင်ပြီး ချီကြည့်မယ်လေ..မောင့်လိုတော့ မတ်တက်ကြီးမရပ်နိုင်ပါဘူး ဖက်ဖက်..သားငယ်ပြုတ်ကျသွားမှဖြင့် “

“ ဟုတ်ကဲ့ပါ ထိုင်တော်မူပါ မောင့်ဘုရင်လေးခင်ဗျာ့..‌သားတော်လေးရဲ့ ဒိုက်ဘာကို ကျွန်တော်မျိုးလဲပေးလိုက်ပါအုံးမယ် ခင်ဗျာ့..ဘုရင်လေးရဲ့ သားတော်က ရှူရှူတွေပေါက်ပြီးရင် ဟော့ဒီ့လို အသံပြဲကြီးနဲ့ အော်ငိုတတ်ပါတယ် ခင်ဗျာ့..”

ဒီလှိုင်း ဒိုက်ဘာလဲသည့်နေရာမှာ သားကိုပက်လက်လေးလှန်ပြီး ဒိုက်ဘာကိုချွတ်ပြီး ‌သားငယ်ရဲ့ ပေါင်ကြားတွေကို wet-tissueနဲ့လိုက်သုတ်ပေးနေစဉ် နွယ်က မထိုင်ဘဲ ဒီလှိုင်းအနားရောက်လာလေသည်။
ဒီလှိုင်းလည်း အကြံရကာ နွယ့်ကို စ ဖို့ပြင်သည်။

“ ဖေဖေခင်ဗျာ့ သားသားလေးရဲ့ ဒွေးကျိကို လာကြည့်တာလား ခင်ဗျာ့..သားသားလေးက ရှက်တတ်ပါတယ်ဗျ “

သားငယ်ရဲ့ လက်ကလေးတွေကိုကိုင်ကာ ကလေးအသံနှင့် ဒီလှိုင်းလုပ်ပြောတော့ သားငယ်က အသံတွေထွက်လို့ နွယ်သာကီကလည်း ထပ်တူရယ်မောနေသည်မှာ မျက်လုံးတွေပါမှိတ်နေသည်။
ဒီကောင်က မင်းတို့ပြုံးဖို့ပဲ လိုတာပါ နှလုံးသားငယ်တို့ရယ်..။

“ မောင် ဖြစ်ပါ့မလား “

“ ဖြစ်ပါတယ်ကွာ “

နွယ်က ခုံမှာထိုင်နေပြီး နွယ့်လက်ထဲကို သားကိုသေချာထည့်ပေးလိုက်သည်။

“ မောင့် နွယ်ကြောက်တယ် “

ဒီလှိုင်း နွယ့်ကို တဖြည်းဖြည်းချင်း ထခိုင်းနေ၍ နွယ်က အော်ပါတော့သည်။

“ သားက မောင်တို့ကလေး နွယ်သာကီ ဒီလိုမချီရဲနေရင် ဘယ်လိုဖြစ်မှာလဲ နွယ်သာကီ”

နွယ်သာကီကလေ ကလေးထက်တောင်ဆိုးချင်နေသေးတယ်။  ဖြူစင်တာကိုသဘောကျပေမယ့် ကြောက်တတ်တာကိုတော့ သဘောမကျချင်ဘူး မောင့်နွယ်သာကီ..။

“ သားငယ်က မောင့်အတိုင်းပဲ ချစ်စရာလေး “

နွယ်သာကီ သားငယ်ကို မတ်တက်ရပ်ချီပိုးကာ မရဲတရဲလမ်းလျှောက်နေစဉ် ထိုသို့ရေရွတ်လိုက်ပါ၏။

“ ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်ကို ချစ်စရာလေး ပြောတာတော့ မဟုတ်သေးဘူးထင်တယ် နွယ်သာကီ “

“ မောင်ကလည်း အဲ့လိုပြောတာကိုက ချစ်စရာလေးဖြစ်နေတဲ့ဟာကို..”

“ အာ..ခင်ဗျားတော့လား…”

ဖအေနှစ်ယောက် စနောက်နေကြတာကို အသံတွေထွက်သည်အထိ ရယ်မောနေသည့် သားငယ်က ချစ်စရာရယ်ပါ။ အရင်ရက်က အသက်လုထားရတဲ့ ကလေးပုံမျိုးမဟုတ်တော့ပဲ မေတ္တာတွေအပြည့်အဝရထားသည့် ကလေးတစ်ဦးလို ရယ်ရယ်မောမောနှင့်..။

“ သားငယ်က ဒယ်ဒီ့ကိုလှောင်တယ်ပေါ့ “

“ ဒီသားဖနှစ်ယောက်တော့ကွာ လူကိုအသည်းယားအောင်လာလုပ်နေတယ် မွမွ “

ဒီလှိုင်း နွယ့်ပါးကို တစ်လှည့် သားငယ်ပါးကို တစ်လှည့် အသည်းယားစွာနမ်းလိုက်လေသည်။
“ အူဝဲ..အူဝဲ “

သားငယ်က ရုတ်တရက်ထငို‌တာ‌ကြောင့် နွယ်ဆိုတုန့်ခနဲလန့်သွားရသည်။

“ မောင့် သားငယ်ငိုနေပြီ “

မောင်က နို့ဘူးကိုယူကာအပေါ်ကနို့မှုန့်များကိုဖိချစေပြီး ခလောက်လိုက်သည်။ ပြီးနောက် အဖုံးကိုဖွင့်ကာ လက်အပေါ်အစက်ချပြီး လျှာနဲ့ယက်လိုက်လေသည်။

အားလုံးပြီးသည်နှင့် သားငယ်ရဲ့ပါးစပ်ထဲကိုတန်းထည့်လိုက်သည်။

“ ဖေဖေ့သားငယ်က ဗိုက်ဆာလို့ အော်ငိုတာပါလို့ ဖေဖေ့ကို ပြောလိုက်ပါအုံး “

မောင်က သားရဲ့ မျက်ရည်တွေကို ခပ်ဖွဖွသုတ်ပေးကာ နွယ့်ကိုပါ စ‌ နေပြန်သည်။

နွယ်လည်း လန့်သွားတာမှန်ပေမယ့် သားရဲ့အထူးအဆန်း ထထငိုတတ်တဲ့အကျင့်ကို ကျင့်သားရစေရန် လေ့ကျင့်ထားဖို့လိုကြောင်း အသိသွင်းလိုက်ရတော့လေသည်။
သားကိုနို့ဘူးတိုက်ပြီး အခန်းထဲမှာတင်ချော့သိပ်ကာ ဖန်ပေါင်းချောင်ထဲထည့်ပေးပြီးနောက် နွယ်တို့ အခန်းပြန်လာခဲ့သည်။

“ နွယ် မောင်မြန်မာခဏပြန်ပြီး သမီးကို သင်္ဂြိုလ်အုံးမယ် “

“ သမီးကို နွယ်ကြည့်ချင်တယ် မောင် "

“ သမီးက သူ့ရဲ့မပြည့်စုံခြင်းတွေကို နွယ့်ကိုမြင်စေချင်မှာမဟုတ်ဘူး နွယ်။ သမီးက မောင်တို့ဆီပြန်လာမှာ နွယ်ရဲ့ ‌အဲ့တော့မှ အဝကြည့်နော် “

“ အင်းပါ”

နွယ့်နှဖူးထပ် အနမ်းနုနုချွေကာ မောင်ကပြန်ထွက်သွားလေသည်။

နွယ့်ရဲ ကိုယ်တွင်းကအခြေ‌အနေကို ဖွားတို့ကသိပုံပဲ မဖွံ့ဖြိုးနိုင်တဲ့သားအိမ်ကို တိုင်းရင်းဆေးတွေနှစ်နဲ့ချီတိုက်ပြီး ဖွံ့ဖြိုးစေသည်။
အကယ်၍ နွယ်နိုင်ငံခြားမှာတုန်းက ထိုဆေးတွေကို မလွှတ်ပြစ်ခဲ့ရင် အခုချိန်ဆို သမီးအန္တရာယ်ကင်းမှာပါလား..။

မောင်က သမီးကိုအရမ်းမျှော်လင့်လွန်းတော့ နွယ်စိတ်မကောင်းဖြစ်ရတယ် မောင်..။
နွယ့်မှာ သားအိမ်မရှိတော့ဘူး မောင်..နွယ်တို့ ဘဝထဲကို သမီးက ဘယ်လိုမှ ပြန်လာနိုင်တော့မှာမဟုတ်ဘူး‌ မောင်..။

နဂိုထဲက ထိုသားအိမ်ကို ဒီလှိုင်းက တစ်ဖက်သတ်ဆန္ဒနဲ့တဇွတ်ထိုးထုတ်ခိုင်းခဲ့တာမှန်းသိခဲ့ရင်…။

နောက်တစ်နေ့ရောက်တော့ ဆေးရွုမှာပဲ အဖေနှစ်ယောက်နဲ့ရှေ့နေကြီးကိုခေါ်ကာ အမွေလွှဲပြောင်းပေးဖို့လုပ်ရသည်။ အခန်းထဲက လေထုတစ်ဖက်နဲ့တစ်ဖက်ရန်ဆောင်နေရင်း တင်းတင်းမာမာဖြစ်နေသည်။

“ သခင်လေးဘယ်လိုဖြစ်ချင်လဲ အတတ်နိုင်ဆုံးကျွန်တော်ဆောင်ရွက်ပေးပါ့မယ်"

ရှေ့နေကြီးက နွယ်သာကီ့အမေအရင်းရဲ့လူယုံဖြစ်၍ နွယ်သာကီ့သဘောကိုသာရှေးရှု့ပြီး နွယ်သာကီကိုသာဦးညွှတ်သည်။

“ ကျွန်တော့် ကျွန်တော့်အဖေဆိုတဲ့လူတွေကို အမွေလွှဲပေးချင်လို့ပါ..မယားပစ္စည်းလင်တစ်ဝက်ပိုင်တယ်မလား..”

“အဲ့လိုဟုတ်ပေမယ့် သခင်လေး မပေးရင် မရနိုင်ပါဘူး..”

“ နွယ်နှောင်းသာကီ မင်းကို(၃၁)နှစ်လုံးပျိုးထောင်လာတဲ့သူနဲ့ မွေးကထဲက ကျောခိုင်းသွားတဲ့သူနဲ့ကို ညီတူမျှတူပေးလို့ဖြစ်မလား..”

“ ကျွန်တော့်သား‌လေးအိပ်နေလို့ ဦးမဟာသာကီအနေနဲ့ အသံလေးနည်းနည်းလျှော့ပေးပါ..”

ဆေးရုံအခန်းအတွင်းမှာပဲမို့ သားလည်းရှိသလို မောင်လည်းရှိ၏။ ဆူညံသံတွေကြောင့် သားကိုမနိုးစေချင်သလို မောင့်ကိုလဲ စိတ်အနှောက်အယှက်မဖြစ်စေချင်ပါ။

“မဟာသာကီ မင်းအဲ့လိုပြောကြေးဆို ငါကပထမလူ..မင်းကနောက်လူ..”

“ဪ..ငါကမှ ဆယ်စုနှစ်တစ်ခုနီးပါးပေါင်းသေးတယ် မင်းကရော..”

ဖခင်နှစ်ဦး အမွေကြောင့်ရန်ဖြစ်နေတာကိုကြည့်ပြီး နွယ်သာကီ တအံ့တဩဖြစ်မိသည်။ သူတို့မချစ်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ပိာင်ဆိုင်မှုကို ဘာလို့များလာတပ်မက်နေရတာပါလိမ့်။

“ တော်ကြပါတော့ ဒီ့ထက်ပိုပြီးရွံလာအောင် မေမေ့ပိုင်ဆိုင်မှုတွေကိုတပ်မက်ပြမနေကြပါနဲ့..ကျွန်တော့်အတွက်ဘာမှမချန်ဘဲ သူတို့နှစ်ဦးကို ညီတူညီမျှအမွေခွဲပေးလိုက်ပါရှေ့နေကြီး..နောက်ပြီး ကျွန်တော်တို့ကို လာမပတ်သက်တော့ဘူးဆိုတာတဲ့ကတိကိုပါ လက်မှတ်ထိုးခိုင်းပေးပါ တောင်းဆိုပါတယ်..”

“ရစေရမယ် သခင်လေး..”

နွယ် သွေးနုသားနုနဲ့ ခေါင်းပါမူးချင်လာရ၍ ဒီကိစ္စကိုအပျက်ဖျက်ပြီး မျက်လုံးမှိတ်ကာမှေးနေလိုက်တော့သည်။ နွယ်လက်မှတ်ထိုးရမယ့်ကိစ္စတွေကို မောင်ကကိုယ်စားထိုးပေးရင်လဲ အဆင်ပြေပါသည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now