CH:8

1.2K 47 0
                                    

မောင့် နွယ်သာကီ
အပိုင်း(၈)

“ တက်”

သူက ဆိုင်ကယ်ပေါ်တက်ခိုင်းတာကို သူ့ကို ပြူးကြောင်ကြောင်နဲ့ကြည့်နေတဲ့လူကို အားမရစွာပဲ ကျစ်ခနဲစုတ်သတ်လိုက်ပြီး ဆိုင်ကယ်ပေါ် စွေ့ခနဲ မ တင်လိုက်သည်။ ထမင်းထက် သွားရေစာကိုပိုကြိုက်သည့် နွယ်သာကီရဲ့ခန္ဓာကိုယ်က ပါးလျနေ၏။

“ ရွှေဘုံစံမင်းသားတွေက အဲ့တာကြောင့် စိတ်ပျက်ဖို့ကောင်းတာ..။ ဆိုင်ကယ်ပေါ် မတက်တတ်ရအောင် ခင်ဗျားက ကလေးလား”

“ အင်း နွယ်က မောင့် ကလေးလေးလေ “

“ ကျစ်..ဒီလူကတော့ ငါလုပ်ရင်သေတော့မယ်”

မထုံတက်တေးပြန်ပြောတဲ့ လူကို သူကြည့်မရစွာပဲ လျစ်လျူရှုလိုက်ပြီး တစ်လုံးထဲရှိသည့် helmetကိုစောင်းပေးလိုက်သည်။
ဒီလူ့ ဆံပင်တွေက ယခင်အတိုင်းပဲနူးညံ့လို့နေဆဲအပြင် တရော်ကင်ပွန်းနံ့သင်သင်းလေးရလို့နေသည်။ ဆံပင်တွေကို သေချာသပ်တင်ပြီးမှ helmetစောင်းပေးတာမို့ မ‌နာလောက်ဘူးထင်။

သူလည်း ဆိုင်ကယ်ပေါ်တက်ခွလိုက်ပြီး လေဘာနှစ်ချက်လောက်ဆွဲလိုက်သည်။

“ ကျစ်..ခင်ဗျား ပြုတ်ကျချင်လို့လား။ ပြုတ်ကျရင် ကျုပ်က ကျတဲ့နေရာမှာထားခဲ့မှာ”

သူ့စကားလဲ ဆုံးရော သူ့ခါးကို ဖက်သည်မဆိုသာ ခပ်ဖွဖွလေးလာကိုင်လေသည်။

“ ကျစ်..ခင်ဗျားတော့နော် လုပ်ရင်သေတော့မယ်..ကျုပ်က ခင်ဗျားဖက်ဖို့တောင်မတန်တဲ့ကောင်လား ပြောစမ်း နွယ်သာကီ..”

သူ မာန်မဲလိုက်တော့ ကိုင်ထားတဲ့ လက်ဖွဖွလေးက အရှေ့မှာနှစ်ဖက်စုကိုင်ကာ သူ့ကိုယ်လုံးကြီးကို အားပါပါလာဖက်ကာ နှဖူးနှင့်ကျောကိုပွတ်နေလေ၏။
Helmetနဲ့ထိမိတဲ့နှဖူးပြင်လေးတွေပွန်းကုန်တော့မှာပဲကွာ...ဒီလူကတော့...။

“ မဟုတ်ပါဘူး‌ မောင်ရယ်..နွယ်က မောင်မကြိုက်ဘူးထင်လို့ပါ ကျစ်..ကျုပ်ကြိုက်လို့ဖက်ခိုင်းတာမဟုတ်ဘူး နွယ်သာကီ..ခင်ဗျား…”

“ အင်း..ခင်ဗျား ဘာဖြစ်လဲမောင်”

“ ထားတော့..ကျုပ်က ခင်ဗျားလို အားမနေဘူး”

နွယ်တော့ဖြင့် ခပ်ယဲ့ယဲ့လေးပြုံးလိုက်ပြီး မောင့် ကိုယ်သင်းနံ့ပြင်းရှရှကို မောင့်ကျောမှာ  မှီ၍ ရှူရှိုက်လိုက်မိပါသည်။

ဘူး~~~

“ မောင် ဖြေးဖြေးမောင်းပါ မောင်ရဲ့ “

နွယ် လန့်လာသည်။ နွယ်က ဆိုင်ကယ်တစ်ခါမှ စီးဖူးသူမဟုတ်တာကို မောင် သိရဲ့နဲ့ လေအလျဉ်လို ဆိုင်ကယ်‌မောင်းနေတော့ ဆိုင်ကယ်တာရာမှာ နွယ့်နှလုံးသားလေး ငြိတွယ်နေသလို နွယ် ရင်တွေတုန်လာသည်။

“ စိတ်ချ ခင်ဗျားလင်က ခင်ဗျားကို သေအောင်တော့မသတ်ဘူး”

ဆိုကာ ယခင်စံနှုန်းအတိုင်းပဲ မောင်းနေသည်။ မောင်းနေစဉ် လက်တစ်ဖက်ကိုလွှတ်ကာ နွယ့် လက်အေးအေးတွေအပေါ် မောင်က ခပ်ဖွဖွကိုင်ထားပေးသေးသည်။

“ ဟို..အန္တရာယ်များပါတယ် မောင်ရယ် “

“ ကျစ်..ခင်ဗျားဟာလေ စေတနာနဲ့ကို မတန်ဘူး”

ဆိုင်ကယ်လေတိုးသံတွေကြားထဲက မောင့်ဆီက အပြစ်တင်သံကို သဲ့သဲ့လေးကြားလိုက်ရသေးသည်။

မောင်ကလေ သိပ်ကိုအပြစ်တင်တတ်လာတာ..
နွယ်မျက်စိထဲမှာ မောင်က ကလေးဆိုးလေးလိုပဲ..။
သူတို့နှစ်ဦး၏ ဆိုင်ကယ်သည် ဟော်တယ်တစ်ခုရှေ့မှာ တိတိကျကျရပ်လိုက်သည်။

“ ဆင်းတော့ ခင်ဗျား”

“ ဟိုဟို မောင်..နွယ့်ကို ဘာလို့ဒီကိုခေါ်လာတာလဲ ဟင် “

“ ‌ခင်ဗျားကို ခိုးပြေးလာတာ”

အာရုံတွေနောက်လိုက်တာ..ခေါ်လာပြီးထဲက တစ်မျိုးပြီး တစ်မျိုး အထွန့်တက်နေတာပဲ နွယ်သာကီ..။

နွယ့်မှာတော့ နှာခေါင်းထိပ်လေးတွေ နားရွက်ထိပ်လေးတွေနီရဲလာကာ မျက်တောင်လေးများ ပေကလပ်ပေကလပ်နှင့် မခို့တရို့လေးဖြစ်လာသည်။

‘ကျစ်..နွယ်သာကီ ကျုပ်ကိုမြူစွယ်နေတာလား’ဟူ၍ သူ့စိတ်ထဲက ပြောလိုက်ပေမယ့် အပြင်မှာတော့ ခပ်တည်တည်ကြည့်ပြီး အကြည့်လွှဲလိုက်လေသည်။

သူ နွယ့်လက်ကို တင်းတင်းကြပ်ကြပ်ဆွဲကာ receptionဆီသို့လျှောက်သွားခဲ့သည်။

“ Royal Hotelမှကြိုဆိုပါတယ် လူကြီးမင်းတို့ရှင့်...ဘယ်နှယောက်ခန်းယူမှာပါလဲရှင့် “

“ ဘိုကင်ပေးပြီးသား "

“ ဟုတ်ကဲ့ နာမည်လေးတစ်ချက်လောက်ပြောပေးပါ “

“ ဒီလှိုင်းခက်ထန်”

“ ဟုတ်ကဲ့ရှင့် ဒီမှာ key cardပါ သာယာပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးဖြစ်ပါစေရှင် “

သူ receptionက‌ဝန်ထမ်း၏ အသံကို နားမထောင်တော့ပဲ key cardကိုယူကာ ထွက်လာခဲ့သည်။ နွယ့်လက်ကိုလည်း တင်းတင်းဆွဲဖို့မမေ့ချေ။

နွယ်ကတော့ ယက်ကန်ယက်ကန်နှင့် လိပ်ကလေးလို မောင့်ထံပါး ပါလာရတော့တာပါပဲ..။

" ကျစ် ခင်ဗျား ဘာလို့ အဲ့လောက်နုလာရတာလဲ “

အခန်းထဲရောက်တော့မှ လက်ကိုလွှတ်ပေးလိုက်၍ နွယ့်လက်က ခပ်ညိုညိုလက်ငါးချောင်းရာကို သူမြင်သွားသည်။ ထို့ကြောင့် ဂျူတီကုတ်ကို တံတောင်အထိ မ တင်ကာ အညိုမဲရာကိုကြည့်ပြီး စိတ်မကောင်းပုံရပေမယ့် နွယ့်ကိုမာန်ဖို့လည်း မမေ့ပါချေ။

“ အင်း နွယ်က သိပ်နုလာတာပဲ “

အမှန်တော့ နွယ်က နုလာတာမဟုတ်ဘဲ မောင်က အားကြီးလာတာကိုတော့ မပြောဖြစ်..မောင် စိတ်မကောင်းဖြစ်သွားမှာ နွယ်ဖြင့် မကြိုက်လှဘူး..။

သူက receptionကိုဖုန်းဆက်ပြီး ဘာတွေပြောနေလည်းမသိပါဘူး တခဏအကြာမှာ ‌ဘဲလ်မြည်လာ၍ မွေ့ရာပေါ်ထိုင်နေသည့် နွယ်က ထမယ်လုပ်တော့ ရေချိုးခန်းထဲက မောင်က တဘတ်တစ်ထည်ပတ်ပြီး ထွက်လာသည်။

“ ဟို မောင် ဘုန်းနိမ့်ကုန်ပါ့မယ် ထပါ”

နွယ် ထိုင်နေတဲ့ရှေ့ မောင်က ဒူးတစ်ဖက်ထောက်ထားပြီး နွယ့်လက်ကို ဒဏ်ကြေလိမ်းဆေး အေးအေးဖြင့် တယုတယလိမ်းပေးနေတော့ နွယ်မနေတတ်ချေ။ ယောင်္ကျားအချင်းချင်းဖြစ်သော်လည်း နွယ်သိပ်ချစ်တဲ့လူကို နွယ့်ရှေ့မှာတောင် ဒူးမထောင်စေချင်တာ ကွယ်ဝှက်မထားနိုင်သည့် နွယ့်အတ္တပင်။

“ ထောက်ချင်လို့ ထောက်ထားတာမဟုတ်ဘူး ခင်ဗျား စောက်ရပ်က ပုတာကို"

“ အင်း နွယ့်အရပ်က ပုတယ်”

သူဘာပြောပြော ခေါင်းတညိတ်ညိတ်နဲ့ အနောက်က လိုက်ထောက်ခံသူကို ခပ်စောင်းစောင်းကြည့်လိုက်ပြီး လက်ကို ဖျစ်ညှစ်လိုက်မိသည်။

“ မောင့်..နွယ် နာတယ် လွှတ်ပေးပါ မောင်"

“ အာ..ဆောရီး..ကျစ် ခင်ဗျား..ခဏနေရင်ကျုပ်အပြင်သွားမလို့ ငြိမ်ငြိမ်လေးစောင့်နေ..”

ဆိုကာ မောင်က နွယ့်ကို ထားသွားပြီး ရေချိုးခန်းထဲသို့ သူ့ခြေတံရှည်ရှည်ကြီးဖြင့် လွှားခနဲ လွှားခနဲ ခြေလှမ်းကျဲကျဲလျှောက်ကာ ဝင်သွားပါသည်။ ခဏအကြာမှာပဲ ရေချိုးပြီးကာ တဘတ်တစ်ထည်ပတ်ပြီး ထွက်လာ၏။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now