Part_8

103 10 0
                                        

တီ....တီ.....တီ.....

တစ်ဖက်မှPhကိုင်လာခြင်းမရှိသဖြင့် လက်ထဲမှ ဖုန်းဝင်နေသည့် အသံတတီတီမည်နေသည်။

'အဖိုးလီ'

'အိုချင်းကို လူနှစ်ယောက်လွှတ်ပေးလိုက်ပါ'

'အင်း... အခုပဲ'

အမှိုက်တွေကရှင်းစရာမလိုပဲ အချိန်ကိုက်ရှင်းမဲ့သူပေါ်လာတာပဲ။ရေကန်အသင့်ကြာအသင့်ပေါ့။'ဂျူမြောင်ရှင်း' မင်းအလှည့်ရောက်ပြီ။

မား......ကျွန်တော်အရင်က မားနဲ့မလိုက်ခဲ့လို့စိတ်ဆိုးနေတာမလား၊ဒီတစ်ခေါက်အားလုံးပြီးသွားရင် ကျွန်တော်မားနောက်လိုက်ခဲ့မယ်....

•••••••••••

'ခင်ဗျားကို ကျွန်တော်လိုက်ရှာနေတာ၊ခဏဆိုပြီးထွက်သွားတာ ကြာနေလို့'

ပတ်ဝန်းကျင်တစ်ဝိုက် ဖုံးလွှမ်းနေသော ဆေးလိပ်ငွေ့များကြောင့် လက်ကို မျက်နှာရှေ့ဟိုဘက်သည်ဘက်ယမ်းကာ ထယ်ယောင်းဘေးနားဝင်ထိုင်လိုက်သည်။

အမြဲဆေးလိပ်သောက်သောကြောင့် ထင်သည် ခုနက အနမ်းကြောင့် သူ့ပါးစပ်မှာ ဖျော့တော့သော နီကိုတင်းအနံ့ခပ်ဖျော့ဖျော့က စွဲကပ်နေသေးသည်။

နှုတ်ခမ်းထောင့်ကို သွားဖြင့်ခပ်ဖွဖွကိုက်လိုက်တော့ နာကျင်မှုက ပြန့်လွင့်လာကာ မျက်ရည်တောင်ဝဲလာသည်။ပြန်တွေးတိုင်း နူးနူးညံ့ညံ့နှုတ်ခမ်းတစ်စုံအထိအတွေ့ကြောင့် သူ့ရင်ခုန်သံတွေ တဒုန်းဒုန်းနဲ့ကျယ်လောင်နေဆဲ။

'မကိုက်နဲ့တော့ '

အတွေးထဲနစ်မြောနေတာကြောင့် ထယ်ယောင်းသူ့ကိုကြည့်နေသည်ကိုပင်သတိမထားမိလိုက်။ဂျီမင်း ထယ်ယောင်းကိုပြန်ကြည့်လိုက်တော့ ထယ်ယောင်းကချက်ချင်းမျက်နှာလွှဲကာ စီးကရကိုသောက်နေပြန်သည်။သူ့မျက်နှာမှာ တည်ငြိမ်သောရေပြင်လိုပဲ အမူအရာမဲ့နေသည်။

တစ်ဖက်သတ်ခံစားချက်တွေလား။အမူအရာမဲ့ မျက်ဝန်တွေထဲ ခံစားချက်လေးတွေပေါက်ဖွားနေရင်ဘယ်လောက်ပြည့်စုံတဲ့ပန်းချီကားဖြစ်နေမလဲ ခင်ဗျားရယ်။

•••••••••

ထယ်ယောင်း ကားမောင်းသူနေရာဝင်ထိုင်မည်အလုပ် အနောက်မှသူ့ကိုတွန်းဖယ်ကာ မောင်းသူနေရာသို့ ဂျီမင်းဝင်ထိုက်လိုက်သည်။အလိုမကျသော ကျစ် သပ်သံတစ်ချက်ကိုကြားရသော်လည်းမသိဟန်ဆောင်ကာ နေလိုက်သည်။

🍀Clover🍀Tempat di mana cerita hidup. Terokai sekarang