Part_6

115 11 0
                                        

အိုချင်းဧရိယာက Changiမြို့ရဲ့ အစွန်အဖျားတွင်တည်ရှိပြီး ဇာပနပွဲသီးသန့်ကျင်းပရန် ဆောက်လုပ်ထားသော နေရာတစ်ခုဖြစ်သည်။ကြီးမားသောသစ်ပင်ကြီးများက တစ်ပင်နှင့်တစ်ပင်ထိစပ်နေကာ အုံးဆိုင်းနေပြီး ချမ်းစိမ့်စိမ့် ခံစားချက်ကိုပေးစွမ်းနိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။Changiမြို့ရဲ့ မည်သည့် ဇာပနကိုမဆို ထိုနေရာတွင်ပြုလုပ်ရသည်။ကျယ်ဝန်းကျယ်ပြန့်သော အိုချင်း ဧရိယာအတွင်း တစ်နေ့တစ်နေ့ ဇာပနပွဲများကိုလည်း မရေမတွက်နိုင်အောင်ပြုလုပ်ပေးရသည်။ယာဥ်မတော်တဆ ဆိုတာမျိုးကလည်း ဒုနဲ့ဒေး။နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်မှီဖွင့်ဖြိုးလာခြင်းဆိုးကျိုးတစ်ခုလို့ဆိုရမည်။ဇာပနပွဲစီစဥ်သူအများအပြားရှိပြီး ထိုသူများကို Changiအစိုးရမှ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

ဂျိုဂျယ်ဟွန်းက C groupရဲ့ တတိယမြောက်ရှယ်ယာ အများဆုံးပိုင်ဆိုင်သူတစ်ဦးဖြစ်တယ်။C groupရဲ့ လက်အောက်ခံ IT ဌာနခွဲများကို စီမံရတဲ့ သူဖြစ်တဲ့အပြင် နောက်လာမဲ့projectအကြောင်း သိတဲ့သူတွေထဲမှာ သူဌေးဂျိုဂျယ်ဟွန်းက တစ်ယောက်အပါအဝင်။

မနေ့ည ၁နာရီခွဲအချိန်လောက်မှာ သူဌေးကြီး ဂျိုဂျယ်ဟွန်းရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုဆိုသည့် ခေါင်းစဥ်ဖြင့် ရုပ်မြင်သံကြားဌာနအသီးသီးမှထုတ်လွှင့်ခဲ့တယ်။အသိုင်းအဝိုင်းမြင့်မျိုးရိုးဖြစ်တာကြောင့် ထိုသတင်းက လူထုအကြားချက်ချင်းပျံ့နှံ့သွားသည်။

ဂျီမင်းနဲ့ထယ်ယောင်း ညက သူဌေးဂျိုဂျယ်ဟွန်းသေးဆုံးသည်ကို ဂျူမြောင်ရှင်းကPhဆက်၍ ပြောသောကြောင့် ထိုသူ၏ အကူအညီဖြင့်ပင် ဇာပနပွဲစီစဥ်သူများအဖြစ် ဟန်ဆောင်ထားခြင်းဖြစ်သည်။

ဂျူမြောင်ရှင်း၏ အပြောအရဆိုရင် သူဌေးဂျို၏ သေဆုံးမှုမှာ သွေးရိုးသားရိုးမဖြစ်နိုင်ပေ။C group ရဲ့ project ကိစ္စနှင့်လည်းပတ်သတ်မှုရှိနေသည်။

သူတို့နှစ်ယောက် ဟောခန်းမအရှေ့ရှိသစ်ပင်အောက်မှ ခုံတန်းပေါ်တွင်ထိုင်နေစဥ် အနက်ရောင်ဂါဝန်ကိုဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက်ကစကားပြောလာသည်။

🍀Clover🍀Où les histoires vivent. Découvrez maintenant