Part1 unicode

77 6 0
                                    

အသက်၆နှစ်အရွယ်ကလေးဖြစ်တဲ့ Mark ဟာ စံအိမ်တော်ထဲမှာ နေ့စဉ်တစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့ နေ့တွေများပါတယ်၊ Mark ရဲ့ မိဘတွေက စီးပွားရေးနယ်ပယ်မှာ ဘုရင်တစ်ပါးဖြစ်သည့်အလျောက် အလုပ်ကိုပိုဦးစားပေးတော့ သူတို့မှာ လူတိုင်းရဲ့အချစ်ခံ သားရတနာ‌လေး တစ်ယောက်ရှိတယ်ဆိုတာပင် မေ့ရသလားအောက်မေ့ရပါတယ်
Mark ဟာ အိမ်တော်ထိန်းနဲ့ပဲ ကြီးပြင်းခဲ့ရတာပါ၊ အိမ်တော်ထိန်းဟာလည်း Mark ရဲ့ baby sitter တစ်ယောက်ဆိုလျှင်လည်း မမှားပါ၊

Mark မွေးနေ့
"သားသားဒီနေ့ ဘာစားချင်လဲ အိမ်တော်ထိန်းအန်တီကို ချက်ခိုင်းနော် မေမေတို့ ဒီနေ့ အိမ်ပြန်နောက်ကျမယ် ‌‌စာသေချာလုပ် ပြီးရင် စောစောအိပ်နော် သား မွမွ"
သားလေးတစ်ယောက်ပဲရှိတာ မွေးနေ့လေးကိုတောင် သတိမရတာပဲ သူ့ကို မိဘမေတ္တာတောင် ၀တ်ကြေတမ်းကြေးပေးနေသလားမျှ နမ်းပြီး ထွက်သွားသော မေမေကို မျက်ရည်ဝဲပြီး ကျန်နေခဲ့တာကို သူ့မေမေ ‌မတွေ့လိုက်

"အန်တီ ဘာချက်ပေးရမလဲ ဒီနေ့ သခင်လေးမင်ဟျောင်းလေးမွေးနေ့မလား အန်တီ သားကြိုက်တဲ့ဟာ အကုန်ချက်ပေးမယ်နော် ဘာစားချင်တယ်သာပြောပါ"

"သား အပြင်ထွက်ချင်တယ် ဟိုဂေဟာသွားချင်တယ် တီတီ တစ်ခါခေါ်သွားဖူးတယ်လေ ခေါ်သွားမှာလားဟင် တီတီ"
မျက်နှာလေးညိုးပြီး တောင်းဆိုနေတဲ့မာခုကို ကြည့်ပြီး ဘယ်သူက သူ့တောင်းဆိုချက်ကို ငြင်းဆိုနိုင်လိမ့်မလဲ သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် လက်ခံပေးရမယ်ဆိုတာထက် သူ့ရဲ့ စွဲ‌ဆောင်မှုရှိတဲ့ ဥပဓိရုပ်ကိုက ပိုစွမ်းဆောင်နိုင်တယ်ဆိုရမလားပဲ အဲ့လောက်ချစ်စရာကောင်းတဲ့ ကလေးလေးပင်

"အင်း သခင်လေး အဲ့ကိုသွားချင်တာလား"

" ဟုတ် သားအရမ်းသွားချင်တယ် ဖြစ်နိုင်ရင် အဲ့မှာပဲနေချင်တယ် နေလို့ရလား တီတီ"

"ဟယ် သခင်လေး ပါးပါး မားမားနဲ့ နေရမှာပေါ့ ဒါက သခင်လေးရဲ့ အိမ်ပဲလေ"

"ဟိုမှာက သူငယ်ချင်းအများကြီးရှိတယ်လေ ပြီးရင် စကားတွေလည်း အများကြီးပြောလို့ရတယ် ဒီမှာက ဘယ်သူမှလည်းမရှိဘူး"

"အော် သားလေးရေ အန်တီ ခေါ်သွားလို့ရပါ့မလား သခင်‌လေး ပါးပါး သိသွားရင် ဆူမှာပေါ့ ဟိုတစ်ခေါက်က မှတ်မိတယ်မလား"

"ဟုတ် ဒါပေမယ့်လေ သားမွေးနေ့လက်ဆောင်အဖြစ်နဲ့ နောက်ဆုံးပဲသွားမယ်လေ နောက်တစ်ခါ လုံး၀မသွားတော့ဘူး"

အိမ်တော်ထိန်းဆယ်ရာ တော်တော် အခက်တွေ့‌နေပြီလေ၊ သခင်လေးရဲ့ ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင် တစ်ဖက်မှာလည်း သခင်ကြီးရဲ့ မှာတမ်းတွေကို သူ့ဦးနှောက်ထဲ နောက်ထပ်တစ်ကြိမ်ရွတ်ဖတ်နေမိသည်

နောက်ဆုံးတော မင်ဟျောင်းရဲ့ နောက်ဆုံးဆိုတဲ့ စကားကြောင့် သူမ လက်ခံလိုက်မိသည်

"ဒါဆို ဟိုရောက်ရင် သားကိုသား ဘယ်လိုမိတ်ဆက်ရမလဲ"

"အီမင်ဟျောင်းပါ" တီတီ

" နောက်တစ်ခု ကျန်သေးတယ်

" ဟုတ် အန်တီဆယ်ရာလို့ ခေါ်ပါ့မယ်"

"အင်း သခင်လေး ဘယ်တော့မှ ကိုယ့်ကိုယ်ကို Mark လို့မမိတ်ဆက်မိစေနဲ့နော် ဒါကို ကတိတည်ပေးပါ"

"ဟုတ်ကဲ့ပါ အန်တီဆယ်ရာ"

အဲ့လိုနဲ့ မှာစရာရှိတာမှာပြီး မြို့ပြင်ရဲ့ ရွာမကျမြို့မကျမှာရှိတဲ့ မင်ချန်းဂေဟာသို့ ရောက်ရှိသွားခဲ့ကြ၏

ကားပေါ်က မင်ဟျောင်းဟာ ဖင်တကြွကြွနှင့် ရောက်တာနဲ့ ပြေးဆင်းလေရာ အနောက်က ကလေးတစ်ယောက်ရဲ့ မပီတပီနဲ့ ခေါ်နေတဲ့ အသံကြောင့် နောက်လှည့်ကြည့်လိုက်သည်

"ကိုကို မင်ညှောင်းရေ"

တစ်ဖက်မှာတော့ သူ့ကို လူသားဘ၀ကနေ ချက်ချင်းကြောင်ဘ၀သို့ ရောက်သွားစေတဲ့ ကလေးကိုကြည့်ပြီး အပြုံးတွေနဲ့ လက်နှစ်ဖက်ဖြန့်ပြီး ခေါ်နေ၏....

ဆက်ရန်

စာအရေးအသားအမှားပါရင် ခွင့်လွှတ်ပေးကြပါလို့ 🥺 ဒီficက နည်းနည်း mysteriesများမှာမို့ ချိုချဉ်ခါးလေးပုံစံနဲ့ သွားမှာပါနော် 😘

အချစ်တဲ့လား [Loving you is a crime]Where stories live. Discover now