“ မောင့်..”

အနာရှိန်နဲ့မှိန်းနေသည့်ကြောင်ကို နားရွက်အသည်းအသန်အုပ်ကာ ဆောင့်ဆောင့်အောင့်အောင့်နှင့် လူကိုလာအော်ကာ စွေကန်းကန်းလာကြည့်လေသည်။

“ ခင်ဗျားကျုပ်ကိုကြည့်နေတာနဲ့ ခင်ဗျားကြောင်သေသွားရင် ကျုပ်က တကယ်ခွေးစာကျွေးပြစ်မှာ “

“ မောင်ကကွာ..မကုပေးရင်လည်းနေပါ ကိုယ့်ဘာသာကုပါ့မယ်.. ‌ခွေးစာကျွေးမယ်တော့မပြောပါနဲ့မောင်ရယ်..။ တော်ကြာ မောင့်ကို လူဆိုးလို့ထင်သွားရင် ဘယ့်နှယ့်လုပ်မတုန်း"

“ ထင် ထင်..ခင်ဗျားဟာလေ အရစ်ကိုရှည်တယ် “

သူနည်းနည်းပြုံးချင်လာ၍  နံရံဘက်ကိုအချိန်မီလှည့်လိုက်ရသည်။

“ ‌ဟွန့် မောင်က သိပ်ဆိုးတာပဲ “

တွေ့လားကြည့်..။ ‌သူကျ လူကို လူဆိုးလို့ပြောပြီး သူများကျအထင်မခံနိုင်ပါဘူးတဲ့လေ..။

ဒီလူ သိပ်နားလည်ရခက်တယ်…။
နွယ် ကြောင်လေးကို တစ်ဆင့်ချင်း ဖြည်းဖြည်းချင်းချုပ်ပေးကာ ပတ်တီးစည်းပေးပြီး သန့်သည့် နေရာပြောင်းထားလိုက်သည်။ အကိုက်အခဲပျောက်ဆေးထိုးပေးဖို့လည်း မမေ့ချေ..။

“ ဟူး..တော်ပါသေးရဲ့..အချိန်မှီလို့ “

နွယ် အခုမှသက်ပြင်းချနိုင်သည်။ နွယ် ဒီကြောင်လေးကို မကယ်နိုင်ရင် တစ်လလောက် စိတ်ကောင်းမှာမဟုတ်ချေ..။
တိရစ္ဆာန်ဖြစ်နေအုံးတော့ အသက်တစ်သက်ပဲလေ…။

“ လာပါအုံးနွယ်သာကီ “

နွယ် မောင့်အနားကို ခပ်မှန်မှန်သွားမိသည်။ စောနက မောင် ဒေါသထွက်နေတာမလား..။
နွယ် မောင့်အနားရောက်သွားတော့ မောင်က ထရပ်လာသည်မို့ ရိုက်တော့မည်ထင်၍ နွယ်မျက်လုံးမှိတ်လိုက်မိသည်။

“ သိပ်နာလား နွယ်သာကီ..။ ခင်ဗျားကို ကိုယ်ထိလက်ရောက်စော်ကားခံရတာနဲ့ အဲ့ကြောင်ရဲ့အသက် လဲရတာ တန်တယ်လို့ရော ထင်လား နွယ်သာကီ “

ဒီလှိုင်း အားပါပါလက်ညှိုးနှင့်ထိုးမိသည့် နားထင်လေးသည် အခုထိရဲနေတုန်းမို့ ဒီလှိုင်း ခပ်ဖွဖွကိုင်ကာ စိတ်မကောင်းဖြစ်မိသည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now