အကယ်ဒမီလေလံပွဲ ၂

1.2K 143 17
                                    

ယခုဆိုလျှင်လေလံပွဲစတင်ပြီး သုံးရက်မြောက်နေ့ဖြစ်သည်။
ပထမနေ့တွင် စု၀မ်၏ဆေးလုံး
ဒုတိယနေ့တွင် ပျောက်ဆုံးခြင်းအစီအရင်ပြား
တစ်ခုစီက လေလံပွဲတွင် ပေါ်ထွက်လာသည်။

သို့သော် သူတို့စောင့်မျှော်နေသည့် ဆေးဘုရင်တစ်ပိုင်း ဆေးလုံးသည်တော့ လေလံနောက်ဆုံးနေ့ဖြစ်သော ယနေ့တွင် လေလံတင်မည်ဖြစ်သည်။

လူတိုင်းက ဆေးဘုရင်တစ်ပိုင်းဆေးလုံး၏
မူရင်းသဏ္ဌာန်ကို သိမြင်လိုကြသည်။
အကယ်၍ အသက်စွမ်းအင်ဖြည့်ဆေးလုံးသာမှန်ပါက သူတို့အိမ်တော်၏တိုင်လုံးများပင် ချွတ်ရောင်းကြမည့် လူများပါပါ၀င်သည်။

ဆေးတောင်ကြားတွင်ဖြစ်သည်။

ဟန်းဖန်းတစ်ယောက် အိုးရန်ကျွယ်နှင့်တွေ့ဆုံပြီး အကြီးအကဲအိုးရန်အား အသိပေးရန်ပြောထားသည်။
မိသားစုကလန်တွင် နေထိုင်‌သည့် အိုးရန်ချုံးသည်လည်း သူ့မြေး၏အကြောင်းကြားမှုကြောင့်
ဆေးတောင်ကြားတွင် ကြိုစောင့်လျက်ရှိရာ
တောင်ပိုင်းကုန်းမြေမှာဟန်ဖန်းလာသည်ဟုဆိုသည်နှင့် ဂိတ်၀သို့ ကြိုတင်ကာသွားသည်။

ဟန်ဖန်းလည်း နှစ်သိန်းနှင့်ချီကာ တောက်ပခဲ့သည့်အကြီးအကဲအိုးရန်အားကြည့်ရင်း ရင်သက်ရှု့မောရသည်။
ကျန်းမာရေးမကောင်းသော်လည်း သူ၏မြင့်မြတ်သော အော်ရာများမှာမူ လျော့နည်းမသွားပေ။

"မင်းတို့တောင်ပိုင်းရဲ့ အရမ်းတော်တဲ့မိန်းကလေးတစ်ယောက်အ‌ကြောင်းကို ငါကြားပါတယ်။
သူမကငါငယ်ငယ်ကထက်တောင်မှပဲ အရည်အချင်းပြည့်၀သေးတယ်။
ကောင်လေးနှစ်ယောက်က သူမနဲ့မိတ်ဆွေဖြစ်လာတာက မိသားစုအတွက်တကယ်ကောင်းတယ်။

အခုလည်းသူမက ဆေးဘုရင်တစ်ပိုင်းဆေးကိုဖော်စပ်နိုင်ခဲ့တယ်ဆို သူမကဆေးတာအိုရဲ့
ဂုဏ်ယူစရာမိန်းကလေးပဲ"

ဟန်ဖန်းသည် အိုးရန်ချုံး၏စကားအား လုံး၀ထောက်ခံလိုက်သည်။

အိုးရန်ချုံးက ဂိုဏ်းချုပ်ကိုတွေ့ခွင့်တောင်းခံခဲ့ပြီး ဟန်ဖန်းကပါနောက်မှရို့ကျိုးစွာ လိုက်လာခဲ့သည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Where stories live. Discover now