အခန်း (၆၉)

Start from the beginning
                                    

ဝမ်ရွှမ့်အနောက်မှ လူအုပ်သည် ထိုစကားကို ကြားရချိန်၌ ဝမ်ရွှမ် သူတို့ကို ခေါ်သွားရန် ရည်
ရွယ်ထားသော နေရာက ရေခဲလေပြည်လှိုဏ်ဂူဖြ
စ်နေကြောင်း သဘောပေါက်သွားကြသည်။ထို့
နောက် သူတို့အချင်းချင်း တိုင်ပင်ကြပြီး ခဏအကြာတွင်မူ ဘဝနှင့် ယှဥ်လာပါက အအေးဒဏ်လောက်တော့ မမှုဟု ဆိုလျက် သဘောတူလာကြသည်။

"ကောင်းပြီ"

ဝမ်ရွှမ် ခေါင်းညိတ်ပြပြီး သူတို့အားလုံးကို ရေခဲလေပြည်လှိုဏ်ဂူသို့ ခေါ်ဆောင်သွားခဲ့သည်။

လှိုဏ်ဂူသို့ ရောက်လာသည်နှင့် အထိန်းအကွပ်မဲ့ တိုက်ခတ်နေသော ရေခဲပမာ အေးစက်လှသည့် လေလှိုင်းများက ဆီးကြိုလျက်ရှိသည်။သို့ပေမဲ့ အတွင်းဘက်နှင့် ယှဥ်လျှင် လှိုဏ်ဂူအဝင်ဝမှ အ
ပူရှိန်က နွေးထွေးလျက်ရှိသည်။အတွင်းဘက်သို့ လျှောက်လာချိန်တွင် လူတိုင်း၏ မျက်နှာအရော
င်ဟာ အအေးဒဏ်ကြောင့် ခရမ်းသမ်းလာခဲ့သ
ည်။

ကံကောင်းသည်မှာ ဝမ်ရွှမ်နှင့် ချီကျိပိုင်တို့က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် အကာအကွယ်ပစ္စ
ည်း အချို့ကို ထုတ်ပေးလာကြသည်။သို့ရာဝယ် အကာအကွယ်ပစ္စည်း အနည်းငယ်လောက်ဖြင့် လူပေါင်းများစွာကို အလုံအလောက် မကာကွယ်နိုင်ချေ။သူတို့အားလုံးသည် တစ်ဦးချင်းစီ၏ ပိုင်
ဆိုင်သမျှ ပစ္စည်းများကို စု၍ လှိုဏ်ဂူထဲတွင် တို
က်ခတ်နေသော လေအေးများကို အတူတကွ ခုခံလျက်ရှိသည်။

သူတို့ကို တံခွန်တိမ်တိုက်ဂိုဏ်းက စွန့်ပစ်သွားချိန်မှစ၍ ဂိုဏ်းတူတပည့်များ၊နောက်လိုက်များ မဟု
တ်ကြတော့သော်လည်း ယခုအချိန်တွင် ဂိုဏ်းထဲ
၌ ရှိစဥ်တုန်းကထက်တောင် ပို၍ သွေးစည်းနေကြသေးသည်။အချို့လူများကား တွန့်ဆုတ်ဆုတ်ဖြင့် ရေရွတ်နေကြဆဲပင်။

"အခုကစပြီး....ငါတို့က တကယ်ပဲ တံခွန်တိမ်တို
က်ဂိုဏ်းရဲ့ တပည့်တွေ မဟုတ်ကြတော့ဘူးလား?"

ဤစကားလုံးများက  လူတိုင်း၏ ဝမ်းနည်းစိတ်ကို တူးဆွလိုက်သည့်အလား မျက်ရည်ကျလာစေပြန်သည်။

ဝမ်ရွှမ်ကမူ ချီကျိပိုင်၏ နောက်ကျောကို ကြည့်ရင်း စကားတစ်ခွန်းကိုသာ ရေရွတ်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now