သို့ပေမဲ့သူမတို့ထဲကတစ်ယောက်ကသူများတွေလိုလွယ်လွယ်နဲ့အလျှော့ပေးမည်ပုံဆံမပေါ်ပေ သူမသည်သီရိရဲ့နောက်ကျောကိုစိုက်ကြည့်ရင်း သူမသီရိကြောင့်လဲကျသွားရတာကိုပြန်တွေးရင်း
"တွေ့ကြသေးတာပေါ့နင်ကငါ့ကိုအရှက်ကွဲအောင်လုပ်ရဲတယ် ဆောင်းဝတ်ရည်ဆိုတဲ့ငါဘာလဲဆိုတာနင့်ကိုသိအောင်ပြပေးမယ်"

သီရိသူမအပြင်ကိုထွက်လာလိုက်ရင်းသူမဒေါသတွေကိုဖိနှိမ့်ထားရင်း သူမစိတ်ထဲမှာတော့ဆူညံလျှက်
(ဒေါသထွက်စရာပဲ သူကပဲငါကိုလာတိုက်ပြီးငါ့ဘာငါရှောင်တာကိုငါ့အပြစ်လာလုပ်နေတယ်တရားလိုက်တဲ့သူတွေရယ်ရှစ်ကြီးခိုးပါတယ် ငါ့ကိုလာမရှုပ်ကြပါနဲ့)

သူမ​ဆောင့်အောင့်ပြီး အလုပ်ခွင်ကနေထွက်လာရင်း သူမလက်ပတ်နာရိကိုငုံကြည့်ပြီးထွက်လာရာ သူမလမ်းကိုသေချာမကြည့်ပဲလျှောက်လာမိသောကြောင့် လူတစ်ယောက်နဲ့ဝင်တိုက်မိကာ လဲကျမလိုဖြစ်သွားပြီ တစ်ဖက်လူက သူမမလဲကျအောင်ဖမ်းထိန်းထားပေးပြီး တစ်ပြိုင်နက်

(ငါလူတွေနဲ့ဝင်တိုက်ဖို့ကံပါလာတာလား!!!)

"ကိုယ်တို့ဝင်တိုက်တာဒုတိယအကြိမ်ရှိပြီနော် သီရိ"

"ဟမ်..?"

သီရိသူမကိုယ်ကိုပြန်ထိန်းလိုက်ရင်း တစ်ဖက်လူကိုကြည့်လိုက်ရင်း
(ဟိုညကပါတီကလူပဲ)

သို့ပေမဲ့သူတစ်ယောက်ထဲမဟုတ်အနောက်မှာ လူတစ်ယောက်ပါသေးသည် သီရိသူမနေရခက်စွာ သူမရဲ့ခါးကိုဆက်ကိုင်ထားသောလူအား

"အာ..ရှင့်လက်...ဖယ်ပေးလို့ရမလား"

သူမပြောလိုက်တော့မှထိုလူသည် သူမအားလွှတ်ပေးလိုက်ရင်း
"တောင်းပန်ပါတယ်.."

"မဟုတ်တာရှင်က ကူညီပေးတာပဲ ကျေးဇူးတင်ပါတယ်"

သူတို့နှစ်ယောက်လုံးအနေခက်တဲ့အခြေနေမှာရှိပြီး အနောက်ကလူမှ
"သခင်လေး..ကျွန်တော်တို့်လာရင်းကိစ္စ"

သီရိထိုစကားအားကြားသွားပြီး
(သူကအရေးကြီးတဲ့ ဧသယ်လား ဒီအချိန်ကြီးရောက်လာတယ်ပေါ့)

ဒီဘဝတော့ငါ့မောင်ကိုငါကာကွယ်မယ်Where stories live. Discover now