(၁၉၈) ဓားပြတွေကို ရိုက်

Start from the beginning
                                    

"အား"
ယွိဆဲ့တစ်ယောက် အော်လိုက်မိတယ်။ လှည်းအပြင်ကိုပြုတ်ကျသွားတာကိုး။

"မိန်းမတစ်ယောက်ရှိတယ်ဟေး! မြင်းကိုရပ်ကြ မြန်မြန်လေး"
မိန်းမအသံကိုသူတို့ကြားတာနဲ့ ငွေတွေဘာတွေလည်းမေ့ပြီး မိန်းမအပေါ်ကိုပဲ အာရုံစိုက်ကုန်ကြတော့တယ်။ စုန့်ကျောင်းယွဲ့ဆိုချွေးစေးတောင်ပျံတယ်။ မိန်းမကိုဘာလို့ဒီလောက်ငမ်းငမ်းတက်နေရတာလဲ? ပို်င်ရှန်းရှို့နဲ့နောက်တစ်ယောက်သာ သူတို့လက်ထဲရောက်သွားရင် ခက်ကုန်တော့မယ်။

ဘာလို့ဆို တောထဲတောင်ထဲဆိုတော့ လမ်းကခလုတ်ကန်သင်းများပါဘိနဲ့ မြင်းကကဆုန်ပေါက်ပုံမျိုးနဲ့ ပိုင်ရှန်းရှို့လဲ လှည်းအပြင်ကိုပြုတ်ကျလာနိုင်တယ်။ ကံကောင်းသွားတာက သူမ ပြုတ်ကျပေမယ့် မြက်ခင်းပေါ်ကိုကျတာမို့ ဘာမှကြီးကြီးမားမားဒဏ်ရာတော့မရလိုက်ဘူး။ ဒါပေမယ့်မြေကြီးပေါ်ကိုအရှိန်နဲ့ပြုတ်ကျတာဆိုတော့ ခဏတော့ အီစလံ​ေ၀သွားတာပေါ့။ ကျိုးကန်းမကုန်ဖို့တော့ မျှော်လင့်ရတာပဲ။ သိပ်မကြာခင်မှာပဲ သူမဆီကိုဦးတည်လာနေတဲ့ခြေသံတွေကိုကြားလိုက် တယ်။ သူမ လှုပ်ဖို့အစီအစဥ္ကိုဖျက်လိုက်ပြီး လဲမြဲအတိုင်းဆက်လဲနေလိုက်တယ်။

"ဟေ့ကောင်တွေ ကြည့်! ဒါမိန်းကလေးမလား?"

"ဒါပေမယ့် သူက ယောကျာ်းအင်္ကျီတွေ၀တ်ထားတယ်ကွ!"

"ခါးကိုကြည့်လေကွာ။ မိန်းမတွေပဲ ဒီလိုခါးမျိုးရှိတာဟ"

"ပြုတ်ကျပြီးသေပြီလားမသိဘူး?"

"ဆိုးတာပဲ။ သနားစရာလေး"

"သေချာကြည့်ကြပါဦးဟ။ မင်းတို့သိတဲ့အတိုင်းပဲ သူ့ကိုသုံးလို့ရနိုင်သေးတယ်"

'ဒီကောင်တွေ ငါ့လာစားနေတယ်။ ငါ့နား လာရဲလာကြည့်စမ်း ခေါင်းကိုရိုက်ခွဲပစ်မယ်။!'
ပိုင်ရှန်းရှို့ စိတ်ကို ခိုင်ခိုင်ထားလိုက်တယ်။ သူမရဲ့လက်က အနားမှာရှိတဲ့ သစ်ကိုင်းကို ဖြည်းဖြည်းချင်းဆွဲယူပြီး အနားကိုရောက်လာတာနဲ့ရိုက်ပစ်ဖို့ ပြင်ထားလိုက်တာပဲ။

သိပ်မကြာခင်မှာပဲ တစ်ယောက်က သူမအနားတိုးလာပြီး သေသလားရှင်သလားကြည့်ရအောင်တစ်ဖက်ကိုလှည့်လိုက်တယ်။ ပိုင်ရှန်းရှို့ကအခွင့်အရေးကို အမိအရအသုံးချပြီး ဓားပြကို သစ်ကိုင်းနဲ့ရိုက်ချပစ်လိုက်တာပဲ။
"ခွေးသူတောင်းစားတွေ! ငါနင်တို့ကို သေအောင်ရိုက်သတ်ပစ်မယ်!!"

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book 2]Where stories live. Discover now