3 °

333 59 25
                                    

[ Unicode ]

flashback

သမိုင်းမှာ အကြီးမားဆုံးနဲ့ အရက်စက်
ဆုံး ပုန်ကန်မှု့ကြီး ဖြစ်ခဲ့တဲ့ ဆယ့်သုံး
ဆက်မြောက် ဘုရင် မင်ရှင်ဆွန်း လက်
ထက်မှာ ဘုရင်မင်ရှင်ဆွန်းနှင့်  မိဖုရား
အပါအဝင် မူးမတ်ပေါင်းများစွာတို့နှင့်
နောက်လိုက်များစွာကို ချက်ချင်း ကွပ်
မျက်ခဲ့သည်။

သမိုင်းတစ်လျှောက် ပုန်ကန်မှု့ကြီးများ
တွင် အကြီးမားဆုံးသော သွေးချောင်း
စီးမှု့ကြီးလည်း ဖြစ်ခဲ့သည်။

ထို့နောက်မှာတော့ ပုန်ကန်ဘုရင်ဟာ ထီး
နန်း ကိုသိမ်းယူခဲ့ပြီး ငါးနှစ်အရွယ် အိမ်
ရှေ့စံ မင်ယွန်ဂီကိုလည်း နန်းချခဲ့သည်။

အိမ်ရှေ့စံ အသစ်အဖြစ် သုံးနှစ်အရွယ်
သာ ရှိသေးတဲ့ လူမမည် သားတော်လေး
ပတ်ခ်ဂျီမင်ကို တင်မြှောက်ခဲ့သည်။ ကွပ်
မျက်ခံလိုက်ရသည့် ဘုရင်ဟောင်းဖြစ်သူ
ရဲ့ သားတော်ကိုတော့ လူမမည်အိမ်ရှေ့စံ
ကလေးရဲ့ အခြွေအရံအဖြစ် ထားခဲ့သည်။

အိမ်ရှေ့စံငယ် မင်ယွန်ဂီဟာ ထိုပုန်ကန်
လုပ်ကြံမှု့ကြီး အပြီးမှာ တစ်ဦးတည်း
အသက်ရှင်ခွင့် ရခဲ့တဲ့ ကလေးငယ်ပဲ
ဖြစ်သည်။

အိမ်ရှေ့စံဟာ အသက်ငယ်လွန်းသေး
တာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့
တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့်
ပုန်ကန်ဘုရင်ဟာ အိမ်ရှေ့စံ မင်ယွန်
ဂီကို မသတ်ရသည့် အကြောင်းအရင်း
ဟာ ထိုဘုရင့်ဆီမှာ သီးသန့်ရှိနေခဲ့သေး
သည်။

အသက်အရွယ် ငယ်ရွယ်လွန်းကြသည့်
အိမ်ရှေ့စံ နှစ်ပါးကတော့ ထိုအချင်းအ
ရာတွေကို မသိကြရှာပေ။ အိမ်ရှေ့စံအ
သစ်ဖြစ်လာတဲ့ ပတ်ခ်ဂျီမင်ရဲ့ ဘေးနား
မယ် အလုပ်အကျွေးပြုရတဲ့ အစေခံအ
ဖြစ်သို့ အိမ်ရှေ့စံဟောင်း မင်ယွန်ဂီဟာ
နေ့ချင်းညချင်း ပြောင်းလဲသွားခဲ့တော့
သည်။

ပုန်ကန်ပြီးနောက်ဘုရင်ဖြစ်လာခဲ့သည့်
ဘုရင် ဒယ်ဆောင်းဟာ ချင်ပြည်နယ်ရဲ့
ထောက်ခံမှု့ အပြည့်အဝဖြင့် ဂျိုဆွန်းကို
အုပ်ချုပ်တော့သည်။

အကျင့်စာရိတ္တအားဖြင့် ကောင်းမွန်ခြင်း
မရှိလှသည့်အပြင်ညံ့ဖျင်းလှသော အုပ်
ချုပ်မှု့ ပုံစံကြောင့် အိမ်နီးချင်း ချင်ပြည်
နယ်ဆီ အကြွေးပေါင်းများစွာ တင်ခဲ့ရ
သည်။

TWILIGHT || YM° [completed]Where stories live. Discover now