Edit: Name Mhr lo pyn pyin tr pr byaZawgyi
သုံးရက်လောက်မလျှော်ရသေးတဲ့ခေါင်းက ဗောက်တက်နေပြီ။
ထို့ကြောင့်လည်း ဆံပင်ကိုထိုးထိုးကုတ်နေရသည်မှာ ဆေးချွတ်ထားတဲ့ဆံပင်က ခေါင်း ပွစလောင်းလန်နေပြီဖြစ်သည်။
ဒီဆံပင် ခဲအိုရောင်လေးက အထက်ကျောင်းပြီးထဲကဆိုးထားသည်ပေါ့။
အမေ့ကိုကြမ်းပြင်မှာလူးလိမ့်ပြီး ဂျစ်တိုက်မှရလာခဲ့တဲ့ဆံပင်အရောင်။
"Fourth!!!"
ကုတင်ပေါ်မှာလူလိမ့်နေတဲ့Fourthက အော်သံကြောင့် ကမန်းကတန်းထလို့လာသည်။
အမေခေါ်နေသည်မှာလွန်ခဲ့တဲ့တစ်နာရီလောက်ထဲက သူကပြန်အိပ်ပျော်ကာ အခုမှနိုးလာရခြင်းဖြစ်သည်။
"လာပြီ Mae!"
ကြွက်သိုက်အလားမှတ်ရတဲ့ခေါင်းနဲ့ Forthက မျက်လုံးမပွင့်တပွင့်နဲ့ အောက်ကို ခြေလှမ်းတစ်ယိုင်ယိုင်နဲ့။ ပြန်အိပ်ပြီးနိုးလာတော့ လူနုံးပြီးခေါင်းမူးနေတာ။
လှေကားနှစ်ထပ်လောက်အလိုလောက်မှာတော့ သေချာကြည့်မလျှောက်တဲ့Fourthကခြေထောက်ခေါက်ကာလဲကျတော့တယ်။
"သေပါပြီ အမေရဲ့! TT "
လက်နှစ်ဖက်ဖြင့် ရင်ဘက်ကိုယှက်လျက် Fourthကညည်းဆိုလိုက်တယ်။
Fourthညည်းလို့မပြီးခင်မှာဘဲ လက်တစ်စုံဟာ Fourthကိုထဖို့ကူညီပေးလာသည်။ မျက်စိမှိတ်ပြီးအော်နေတဲ့Forthလည်း လက်မောင်းကိုလာထိတွေ့တဲ့လက်တွေကြောင့် မျက်လုံးဖွင့်လိုက်သည်။
"အဆင်ပြေရဲ့လား"
ခပ်ပြုံးပြုံးမျက်နှာထားဖြင့် သိပ်ချောတဲ့လူဟာ သူ့ကိုမထူလာသည်။
အဲ့ဒါကအရေးမကြီးပါ။
ဒါပေမဲ့...။
ဒုတ်.ဒုတ်.ဒုတ်.ဒုတ်
နှလုံးခုန်သံကိုပြန်ပင်ကြားရသည်အထိကျယ်လောင်လာသည်။