"အဲ့လိုဖြစ်သွားရင်တော့Sorryပါဗျာ ကျွန်တော်ကအမှန်တရားကိုပဲပြောလိုက်တာပါသခင်ကြီးဖန်းဒီလောက်ထိရုပ်ပျက်ဆင်းပျက်ဒေါသထွက်သွားဖို့မရည်ရွယ်ပါဘူး"

"မင်း မင်း"

ဝမ်ရိပေါ်ကလက်နှစ်ဖက်မြောက်ကာသူမှားကြောင်းခနဲ့ပြီးလုပ်သံကြီးနဲ့ပြောတော့သခင်ကြီးဖန်းဣန္ဒြေမဆည်နိုင်လောက်အောင်ဖြစ်ပျက်သွားသည်။သခင်ကြီးလုကတားလိုက်လို့သာသူတို့ရဲ့ပြသာနာကငြိမ်းသွားတယ်။ဂိတ်လေးဂိတ်ကစကားဝိုင်းပြန်စနေကြပေမဲ့ဝမ်ရိပေါ်ကတော့ဖန်းဟုန်စီအနားကိုသာလျောက်လာသည်။Hall ခန်းထောင့်မှာရပ်နေတဲ့Chuoနဲ့အားလိန်ကဝမ်ရိပေါ်ကိုမျက်စိဒေါက်ထောင့်ကြည့်နေကြတယ်။အတွင်းရေးမှူးပိုင်ကသူတို့အနားရောက်လာတော့သုံးယောက်သားဘာဆက်ဖြစ်မလဲဆိုတာပွဲကြည့်ပရိတ်သတ်လုပ်နေကြသည်။

ဝမ်ရိပေါ်ကဖန်းဟုန်စီအနားသွားပြီးရှေ့မှာရပ်လိုက်တော့ဖန်းဟုန်စီကဝိုင်ခွက်တစ်ခွက်ပေးလာသည်။သူ့ပုံစံကဝမ်ရိပေါ်နဲ့တွေ့တိုင်းမိန်းမငယ်လေးလိုနူးညံ့ကာကနွဲ့ကလျဖြစ်နေပြီးအားနည်းသွားတတ်သည်။ဝမ်ရိပေါ်ကဝိုင်ကိုမသောက်သေးပဲဖန်းဟုန်စီကိုစိုက်ကြည့်နေသည်။

"သခင်ကြီးဝမ်အဲ့လောက်ကြည့်နေတော့ကျွန်တော်မနေတတ်တော့ဘူး..ဘာလဲကျွန်တော့်အလှအပတွေအောက်ကျရှုံးသွားပြီလား..."

ဖန်းဟုန်စီကပါးချိုင့်တွေပေါ်အောင်ပြုံးပြီးမျက်ခုံးတစ်ဖက်ပင့်ကာမေးသည်။ဝမ်ရိပေါ်ကစိတ်ပျက်စွာတစ်ချက်ကြည့်ပြီးဖန်းဟုန်စီရဲ့မျက်လုံးတည့်တည့်ကိုပေါက်ထွက်မတတ်စိုက်ကြည့်ကာ

"ရှောင်းကျန့်ဘယ်မှာလဲ?"

"အို့.သခင်ကြီးဝမ် ခင်ဗျားမေးတဲ့လူမှားနေပြီးကျွန်တော်ကဘယ်လိုလုပ်ပြီးသိမှာလဲခင်ဗျားနားမှာနေတဲ့လူဘယ်ရောက်နေလဲသခင်ကြီးဝမ်ပဲသိမှာပေါ့"

"မင်းအပိုတွေပြောမနေနဲ့ဒါမင်းလက်ချက်ဆိုတာငါသိတယ် ရှောင်းကျန့် ဘယ် . မှာ. လဲ "

ဝမ်ရိပေါ်ကမျက်လုံးတွေကျဥ်းမြောင်းစူးရှကာအသံကိုဖိပြီးတစ်လုံးချင်းမေးနေတယ်။ဖန်းဟုန်စီရဲ့ပတ်ဝန်းကျင်ကကြောက်စရာကောင်းလောက်အောင်ဖိအားတွေရောက်လာတယ်လို့ခံစားရသည်။ရှေ့ကသခင်ကြီးဝမ်ကအချိန်မရွေးထသောင်းကျန့်တော့မဲ့နတ်ဆိုးတစ်ကောင်လိုပဲ။ရှောင်းကျန့်ကိုသာမတွေ့ရင်တလောကလုံးမီးလောင်တိုက်သွင်းပြီးပြာကျအောင်လုပ်ပစ်မည်ဟုနဖူးမှာစာကပ်ထားသည့်အတိုင်းပင်။ဖန်းဟုန်စီကမဖြုံတဲ့မျက်နှာဖြင့်ဝမ်ရိပေါ်အနားတိုးကပ်သွားပြီးလှောင်ပြုံးတစ်ခုတပ်ဆင်လိုက်သည်။

TRICK ✔Nơi câu chuyện tồn tại. Hãy khám phá bây giờ