p-35 (ဇာတ်သိမ်းပိုင်း)

Começar do início
                                    

"ဒေါက်တာ 150 joules change အထိတင်ပါ"

"ဟုတ်ကဲ့"

ဆရာဝန်လေးစကားအဆုံး..ဝုန်းဆိုသည့်အသံဖြင့် နီနီ့ခန္ဓာကိုယ်လေးမြောက်တက်သွားသည်။

"နောက်တစ်ခါ အသင့်ပြင်"

"ဟုတ်ကဲ့"

"ရှောခ့်"

"ဝုန်း..."

"တီ........"

နှစ်ချက်တိတိရှိပြီ..ခုထိနိုးမလာသေး..ဆရာဝန်ကြီးလဲ ချွေးစေးများပြန်လာသည်။နောက်ဆုံးတစ်ချက်မှမရရင်...လက်လျော့လိုက်ရတော့မည်ဖြစ်သည်။

"နောက်တစ်ချက်..200 ထိတင်လိုက်"

"ဟုတ်ကဲ့ဒေါက်တာ"

"Ready...1..2..3"

"shork"

"ဝုန်းး"

"တီ...တီ...တီ...တီ"

နောက်ဆုံးတစ်ချက်၌ နီနီနှလုံးက တဖန်ပြန်လည်အသက်ဝင်လာပေသည်။ဘုရား..တရား..မလို့ပေသာ
ထိုအခါမှ ဆရာဝန်လေးတို့၏ မျက်နှာ၌ အပြုံးပန်းဆင်နိုင်တော့သည်။
သက်ပြင်းကိုစီချကာ..လူ့အသက်တစ်ချောင်းကိုရအောင်ကယ်နိုင်ခဲ့ပါ၏။

အခန်းတွင်းမှ..အသံသဲ့သဲ့ကိုနော်ထူးကြားရသည်။
နော်ထူးချက်ချင်းစိတ်ပူသွားပေမယ့်...ထွက်လာသောဒေါက်တာတို့၏မျက်နှာ၌ အနည်းငယ်အဆင်ပြေတာကို့တွေ့ရသည်။

"ဒေါက်တာ...ဆရာမအခြေအနေ"

"ဟင်းးး...ကျွန်တော်တို့ကယ်နိုင်ခဲ့ပါတယ်..ဒါပေမယ့်နောက်တစ်ခါမဖြစ်အောင်ပိုဂရုစိုက်ရတော့မယ်"

"ဟုတ်ကဲ့ပါဒေါက်တာ.."

ဒေါက်တာ့စကားအဆုံး..နော်ထူးမျက်နှာလေးရွှင်လန်းလာသည်။သေမင်းနဲ့စစ်ခင်းပြီးပြန်လုရတဲ့ချစ်ရသူရဲ့အသက်..ဒေါက်တာတွေကိုပင်ကျေးဇူးတင်လို့မဆုံးပေ။

"ညမလဲ သေချာဂရုစိုက်ပါညမအားမရှိပဲ အိပ်ယာထဲလဲသွားရင်..လူနာကိုဘယ်လိုပြုစုမှာလဲညမ..ကိုယ့်ကိုကိုယ်လဲဂရုစိုက်ပါ"

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..ဒေါက်တာ"

ငယ့်ဆီကထွက်မသွားလို့...ဆရာမကိုလည်းကျေးဇူးတင်ပါတယ်..ဘယ်လိုပင်ဖြစ်စေ
ချစ်တယ်ဆရာမ...ဆရာမ မရှိရင်..ငယ်မနေနိုင်ဘူး...

Você leu todos os capítulos publicados.

⏰ Última atualização: Aug 16, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

မြတ်နိုးရသူOnde histórias criam vida. Descubra agora