အက်ဘ်နာနဲ့ခဲယ်လ်တစ်တို့က လူအုပ်အလယ်ကို လျှောက်သွားပြီး  သားရဲအသွင်ပြောင်းလဲလိုက်ကြတယ်။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြတယ်။ ခြေဖဝါးတွေကို မြေပြင်ပေါ်မှာ  တင်းကြပ်စွာချထားပြီး  ခန္ဓာကိုယ်အပေါ်ပိုင်းတွေကို  နိမ့်ထားတယ်။ နှစ်ယောက်စလုံးက တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ကို စောင့်ရင်း တစ်ယောက်ကိုတစ်ယောက် စူးစူးစိုက်စိုက်ကြည့်နေကြတယ်။

ကွင်းအပြင်ဘက်က လူတွေက ကွင်းပေါ်က သူတို့နှစ်ဦးရဲ့အခြေအနေကို ‌ စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြရင်း သူတို့တိုက်ခိုက်တာကို စောင့်နေကြတယ်။ အက်ဘ်နာက အရင်ဦးဆုံး လှုပ်ရှားခဲ့တယ်။ သူက ခဲယ်လ်တစ်ဆီကို လျှပ်စီးလို အမြန်ပြေးသွားတယ်။ ပြင်ဆင်ထားတဲ့ ခဲယ်လ်တစ်က သူ့ရဲ့တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ရုံလေး ဘေးဘက်ကို ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ပြီး အက်ဘ်နာကို ကိုက်လိုက်တယ်။ အက်ဘ်နာက အရင်ဦးဆုံး မတော်တဆအကိုက်ခံလိုက်ရပြီး ခဲယ်လ်တစ်က အားမသုံးထားလို့  သွေးကို မမြင်ရပါဘူး။ အများဆုံးဖြစ်ရင် အဲ့ဒါ သွားကိုက်ရာတစ်ခုလောက်ပါပဲ။

အက်ဘ်နာရဲ့ တုံ့ပြန်မှုကလည်း မနှေးကွေးခဲ့ပါဘူး။ သူက ပြိုင်ဘက်ရဲ့ဖိနှိပ်တာကို မခံရခင် လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တယ်။ခြင်္သေ့ကြီးနှစ်ကောင်က အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြတဲ့အခါ ချွန်ထက်တဲ့ခြေသည်းတွေကို မသုံးဘဲ အားကောင်းတဲ့ လက်ဖဝါးတွေကိုပဲ အချင်းချင်းတိုက်ဖို့ အသုံးပြုထားကြတယ်။

အဆုံးမှာတော့ ခဲယ်လ်တစ်က အက်ဘ်နာကို အနိုင်ယူလိုက်ပြီး သူ့ချစ်သူက သူ ဘယ်လိုရှုံးသွားမလဲဆိုတာကို စောင့်ကြည့်နေခဲ့တယ်။ ခဲယ်လ်တစ်ရဲ့အောင်ပွဲကို မြင်လိုက်ရလို့ ပိုင်မုက  တိုက်ပွဲအစွန်အဖျားကနေ  အားကြိုးမာန်တက် လက်ဝှေ့ယမ်းပြကာ အရမ်းပျော်ရွှင်နေခဲ့တယ်။

ဒါပေမယ့် အက်ဘ်နာတစ်ယောက်ရှိရင် နောက်ထပ်'အက်ဘ်နာ'အများအပြားရှိလာမှာပဲ။ဒါကြောင့် တစ်စုံတစ်ယောက်က ခဲယ်လ်တစ်ကို ချက်ချင်းစိန်ခေါ်ခဲ့တယ်။ အနီးပတ်ဝန်းကျင်မှာ ကြည့်ရှုသူ ပိုများလာတယ်။ အားလုံးက ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြပါပြီ။သူတို့အားလုံးက မျိုးနွယ်စုအတွင်းကဇာတ်လမ်းကို  သိကြတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာအရ မိန်းမပျိုလေးကို မျိုးနွယ်စုထဲ ပို့ပေးလိုက်တာက ကောင်းတဲ့အရာတစ်ခုဖြစ်တယ်။၀မ်းနည်းစရာက ခဲယ်လ်တစ်က အဲ့ဒါကို သတိရသွားတာပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now