နွယ်ဟာ ကြောက်တတ်ကောင်း ကြောက်‌တတ်နေလိမ့်မယ်။ ရဲရင့်ကောင်းရဲရင့်နေလိမ့်မယ်။ မောင်နဲ့ပတ်သက်လာရင်တော့ နွယ်ဟာ ဆက်ဆက်ထိမခံနိုင်အောင် စာတွေ၊စကားတွေနဲ့ ချေပတတ်‌သည့်လူ။
မောင့်တစ်ယောက်ထဲအတွက် ဖြစ်တည်နေသည့်လူ..။

“ မင်းဘာသာမင်း ဘာကြီးဖြစ်နေနေ..မင်းလက်ထက်ရမှာ ဝေလွန်းသာကီကိုပဲ..အဲ့လိုမှမဟုတ်ရင် မင်းအကောင် ဆေးကျောင်းမှာအေးဆေးမနေရပဲ သူတောင်းစားဘဝကိုရောက်မယ်သာမှတ်..”

ဖေဖေက ခြိမ်းခြောက်သည် ဖိအားပေးသည်။ ငယ်နိုင်မို့ နွယ်က ကြောက်သည်။ နွယ့်အကြောက်တရားတို့သည် မောင့်ကိုထိမယ်မှန်းသိခဲ့ရင်..။ နောက်ဆုံးဆိုပြီး မောင့်ကိုခေါ်မတွေ့ခဲ့ရင် အခုလောက်ဆို မောင်က သူ့မိသားစုနဲ့ပျော်ပျော်နေရမှာ..။

ဖေဖေထွက်သွားတော့ နွယ်အခန်းထဲကိုတက်ခဲ့ပြီး ပါးကိုရေခဲဖက်ကပ်ကာ စာထိုင်လုပ်နေစဉ် ဖွားဖွားကဝင်လာ၏။

“ အနှောင်းလေး ဆေးသောက်မယ်ကွယ် ကလေးရေ"

“ ဟင့်..ဟင့်အင်း ဖွားဖွား နွယ်အဲ့ဆေးခါးကြီးတွေ မသောက်ချင်တော့လို့ပါ အီးဟီး”

နွယ့်ကို ဘာဆေးတွေမှန်းမသိ ဖွားဖွားကြီးကတိုက်ပါ၏။ ဆေးတွေက တိုင်းရင်းဆေးတွေမို့ အရမ်းခါး၏။

နွယ်ကြောက်တယ်..နွယ့်ကို ဆေးတိုက်နေတဲ့အချိန် ဖွားဖွားကြီးရဲ့ ကြောက်မက်ဖွယ် အပြုံးတွေကို နွယ်ကြောက်တယ်..။ ပြီးတော့ အဲ့ဆေးတွေရဲ့ နောက်ဆက်တွဲကိစ္စရပ်ကိုလဲ နွယ်ကြောက်တယ်။

“ အားဆေးတွေပါ အနှောင်းလေးရဲ့..ကလေးလေး သောက်လိုက်နော်..”

ချော့မော့ကာ အတုအယောင်အပြုအမူတွေနဲ့ ဆက်ဆံခံရသည့်အချိန်ကို နွယ်အမုန်းဆုံးဖြစ်၏။ နွယ်သည် အစစ်အမှန်မဟုတ်ရင် ချစ်ခြင်းမေတ္တာမပြောနဲ့ ဂရုစိုက်မှုတွေကိုတောင် လိုချင်သူမဟုတ်။

“ ဟင့်..အင်း.."

နွယ်အမျိုးမျိုး ငြင်းနေပေမယ့် ငယ်နိုင်ဖြစ်သည့် ဖွားဖွားကြီးက နွယ့်ကို ဆေးမရရအောင်တိုက်သည်မို့ အဆုံးသတ်ကျ ခါးသက်လှသော ဆေးကို ကျိတ်မှိတ်ကာသောက်လိုက်ရ၏။

ထိုနေ့ညက ဖုန်းပါတစ်ခါထဲ အသိမ်းခံရ၍ မောင်နဲ့ စကားမပြောရတော့ပဲ အစောကြီး အိပ်ပျော်သွားခဲ့ရသည်။ နောက်နှစ်ရက်လောက်အထိလဲအထိုင်ဖုန်းကို လူမလစ်လို့မကိုင်ရသလို အိမ်အပြင်လဲ မထွက်ရချေ။

Mg'd Nwel Thar Kii (Book version)Où les histoires vivent. Découvrez maintenant