Final Episode (Zawgyi)

Start from the beginning
                                    

"နောက်ကျပေမဲ့ အမြဲတမ်းမီအောင် လိုက်လာနိုင်ခဲ့တာပဲ။"

အဲ့ဒီနေ့ကသာ သူ ကားမမီခဲ့ရင် ကျွန်တော်တို့ တွေ့ဆုံခဲ့ရမှာ မဟုတ်ဘူး။ ကျွန်တော်လည်း ပျော်ရွှင်ခြင်းဆိုတာကို ရှာတွေ့ခဲ့မှာ မဟုတ်ဘူး။ ကိုကိုက ဘယ်တော့မှ နောက်မကျခဲ့ပါဘူး။ ရောက်သင့်တဲ့ အချိန်မှာ အမြဲရောက်လာခဲ့ပြီး ရပ်စောင့်ပေးသင့်တဲ့ အချိန်မှာ အမြဲ ရပ်စောင့်ပေးနေခဲ့တာ။

ကိုကို့ ပုခုံးပေါ်သို့ မှီကာ ကျွန်တော့်မျက်လုံးတွေ မှေးမှိတ်လိုက်သည်။ သုံးနာရီလောက် ခရီးနှင်ပြီးနောက်တွင် Cape Townကနေ ထွက်လာတဲ့ ကားလေးက Betty Bayသို့ ဆိုက်ရောက်သည်။

ကိုကို အလုပ်ကိစ္စဖြင့် သွားရမည့်နေရာသည် မော်ဆယ်ပင်လယ်ဖြစ်ပေမဲ့ Betty Bayကို ခဏဝင်ချင်တဲ့ ကျွန်တော့်ဆန္ဒကြောင့် ရို့စ်တို့နဲ့အတူ မလာခဲ့ခြင်းပင်။

Bettyကို ရောက်ရောက်ချင်း မှတ်မိနေတဲ့ ဟင်ဒီရဲ့ အိမ်ကလေးဆီသို့ ဦးတည်ကာသွားလိုက်သည်။ ပန်းပွင့်တဲ့ ရာသီ မဟုတ်တာကြောင့် အိမ်လေးထဲတွင် ကျွန်တော်နေစဉ်ကလို ရောင်စုံပန်းပွင့်တွေ ရှိမနေ။ အပင်စိမ်းစိမ်းတွေက နေရာယူထား၏။ ခြံထဲတွင် ရေလောင်းပေါင်းသင်လုပ်နေသည့် အမျိုးသားရဲ့ ကျောပြင်ကို မြင်နေရသည်။

"ဟင်ဒီ.."

ကျွန်တော့်အသံကြောင့် ဟင်ဒီက နောက်လှည့်ကြည့်လာသည်။ ကျွန်တော် လာလိမ့်မယ်လို့ မထင်ထားပုံ ဟင်ဒီရဲ့ နှုတ်ခမ်းလွှာက အံ့သြမှု့ကြောင့် ပွင့်အာသွား၏။ ကျွန်တော့်ဘေးတွင် ရပ်နေတဲ့ ကိုကို့ကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

"ဟင်ဒီ နေ့လယ်စာ..."

ကျွန်တော်တို့နောက်မှ အမျိုးသမီးအသံထွက်လာသည်။ တိုက်တိုက်ဆိုင်ဆိုင် အန်တီဒေါ်လီနဲ့ ဒေစီရောက်လာသည်။

"ဗိုလ်ဗိုလ် ရောက်နေတာပဲ"

အန်တီဒေါ်လီက ကျွန်တော့်အား မေတ္တာမပျက် နှုတ်ဆက်သည်။ ကျွန်တော့် စိတ်အထင် အန်တီဒေါ်လီ အနည်းငယ် ပိန်သွားသည်။ "အခုပဲ ရောက်တာပါ"လို့ ပြန်တုံ့ပြန်ရင်း ဘေးနားရှိ ပေါက်စလေးအား ကြည့်မိတော့ ကျွန်တော့်အား မျက်စောင်းထိုးကာ အန်တီဒေါ်လီနောက် ဝင်ပုန်းနေ၏။  စိတ်ဆိုးနေပေမဲ့ ကလေးပီပီ စူးစမ်းချင်စိတ်ကလေးက ဖျောက်မရ
ခေါင်းလေးကတော့ ထွက်ပြီး ကိုကို့အား စူးစမ်းနေသည်။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now