Part - 15 (Unicode)

2.2K 264 25
                                    

အတိတ်

>>>>>>>>

ကျောင်းတွေ ပြန်ဖွင့်လို့ အတန်းထဲ ကျောင်းသူ၊ ကျောင်းသားတွေ အကုန်စုံနေပေမဲ့ လင်းသစ်ဆန်းကတော့ ရောက်မလာခဲ့ပေ။

စာမလာ သတင်းမကြား တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ဖို့ရာ မလွယ်ကူသေးသည့် အချိန်ကာလမှာ လူးကတ်စ်အနေနဲ့ ဘယ်နေ့လာမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ မျှော်နေရုံသာ ရှိသည်။

သင်တန်းရေးရာကို အခါခါသွားလို့ ရခဲ့တဲ့ သတင်းအစအနက မြန်မာနိုင်ငံက ကျောင်းလာတက်ခြင်းဆိုတာကလွဲလို့ မပိုခဲ့။ လင်းသစ်ဆန်း မြန်မာနိုင်ငံကဆိုတာ လူးကတ်စ် သိပြီးသား အကြောင်းအရာပါ။ မြန်မာနိုင်ငံကို လိုက်သွားပြီး လင်းသစ်ဆန်းဆိုတဲ့ ကောင်လေးတစ်ယောက်ကို ရှာဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ရှာတာထက် ဆိုးလိမ့်မည်။ လူးကတ်စ်လို တိုင်းတစ်ပါးသားအတွက်ဆို ပိုလို့ပင်ဆိုးလိမ့်မည်။

လူးကတ်စ်နဲ့ လင်းသစ်ဆန်းရဲ့ကြားမှာ ချစ်ခြင်းမေတ္တာကလွဲရင် တကယ်ကို ဘာမှမရှိဘူးဆိုတာ သိလိုက်ရတဲ့ အခိုက်အတံ့တွေ။ ဘာသာမတူ၊ လူမျိုးမတူ၊ ရေခြားမြေခြား ချစ်ကြတဲ့ လူနှစ်ယောက်အတွက် ရေရှည်ကို တွေးထားခဲ့ခြင်း မရှိ။ ပြသနာတွေ ဖြစ်လာခဲ့ရင် ဘယ်လိုဖြေရှင်းကြမယ်ဆိုတဲ့ ဒုတိယအစီအစဥ်ဆိုတာ ရှိမနေခဲ့။ ဒါပေမဲ့ ဒါတွေဟာ လူးကတ်စ် အထင်သာဖြစ်သည်။ လူးကတ်စ် မသိခဲ့တဲ့ တစ်ဖက်မှာတော့ လင်းသစ်ဆန်းက အရာရာကို တွက်ဆထားပြီးသားပင်။

ကျောင်းဖွင့်ပြီး တစ်လအကြာ တစ်ရက်မှာ လူးကတ်စ်ဆီသို့ လင်းသစ်ဆန်း ပြန်ရောက်လာသည်။ ထိုနေ့က လင်းသစ်ဆန်းရဲ့ ပုံရိပ်ကို လူးကတ်စ် ဘယ်တော့မှ မေ့မရခဲ့။

စိုးရိမ်မှု့တွေ၊ ထိတ်လန့်မှု့တွေနဲ့ လင်းသစ်ဆန်းကို မြင်ရတာ လူးကတ်စ်ရင်ကို အစိမ်းလိုက်ခွဲသလို ခံစားရသည်။

"ဘာဖြစ်တာလဲ Linn ကိုယ့်ကို ပြောပါဦး"

ရင်ခွင်ထဲ ထည့်ဖက်လို့ လူးကတ်စ် မေးခဲ့ပေမဲ့ လင်းသစ်ဆန်းရဲ့ အဖြေက...

"ထွက်ပြေးကြရအောင်"

ဒီတစ်ခွန်းကိုသာ အကြိမ်ကြိမ် အခါခါ ပြောနေခဲ့သည်။ အေးအေးဆေးဆေး ပြောကြဆိုကြရင်းမှ သိရတဲ့ အကြောင်းအရင်းက လူးကတ်စ်တို့ နှစ်ယောက်အကြောင်းကို လင်းသစ်ဆန်းတို့ အိမ်က သိသွားခဲ့သည်တဲ့။

(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်းရဲ့သံစဉ်) (Complete)Where stories live. Discover now