2

1.7K 170 0
                                    

[UNICODE]

(1858)လက်ဆောင်ပေးခြင်း

"ကျေးဇူးတင်ပါတယ်‌နော် ဒါပေမယ့် မလိုပါဘူး။ အဲ့တာက အရမ်းစျေးကြီးလွန်းတယ်"
နဉ်ရှု ကမေးလိုက်တယ် "နင် ကုသိုလ်ရမှတ်တွေ ချွေတာဖို့ မလိုအပ်ဘူးလား"

မေကျစ်ချင်က အထူးအဆင့်မြင့်တာဝန်ထမ်းဆောင်သူတစ်ယောက် ဖြစ်ဖို့အတွက် ကုသိုလ်ရမှတ်များစုဆောင်းရန် အလွန်ကြိုးစားနေရ၏။ ပန်းတစ်ပွင့်ဝယ်ဖို့ ကုသိုလ်ရမှတ် ၂မှတ်ကို ဖြုန်းတီးတာက အလဟသပါပဲ။

အဲ့တာက သူမ နောက်ဆုံးကမ္ဘာက အတွေ့အကြုံလိုဖြစ်နေလိမ့်မယ်။ သူမဟာ ကုသိုလ်အမှတ် ၁မှတ်တောင်မရခဲ့တဲ့အပြင် အမှတ် ၁၀၀ လည်း ဆုံးရှုံးခဲ့၏။

(Realm-26 မှာ မေကျစ်ချင်က တာ၀န်မပြီးခင် အစောကြီးသေသွားလို့)

နဉ်ရှုပုံစံက ဆုံးရှုံးသွားတဲ့ ကုသိုလ်အမှတ်များနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသော ဇနီးသည်နှင့်တူ‌နေလေသည်။

"ပျက်စီးနေတဲ့ကမ္ဘာတစ်ခုကိုပြင်ဖို့ နောက်ထပ်တာ၀န်တစ်ခုမှာ ငါပါ၀င်ခဲ့တယ်။ ဆုလာဘ်တွေက တော်တော်‌လေးကောင်းတယ်။ နောက်တစ်ခု လုပ်ပြီးရင် အဆင့်တက်နိုင်လောက်တယ်။ ကုသိုလ်အမှတ် ၂မှတ်က ဘာမှမဟုတ်ပါဘူး"
မေကျစ်ချင်က ပန်းအိုးကို နဉ်ရှု ၏လက်ထဲသို့ တွန်း‌ပေးလိုက်တယ်။ "နင့်အတွက်"

"ဒီလိုမျိုး အလကားတော့ ငါလက်မခံနိုင်ပါဘူးနော်"
နဉ်ရှု က ပြောလိုက်တယ်။
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ နင်ကြိုက်တာတွေ့ရင် ငါပြန်ပေးမယ်လေ"

သူမနှင့် မေကျစ်ချင်တို့ ခင်မင်ရင်းနှီးသည်မှာ မကြာသေးပေ။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူမအဖို့ ဈေးကြီးတဲ့လက်ဆောင်ကိုလက်ခံရန်အတွက် မသင့်လျှော်သေးပေ။ သူမက ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပြန်ပေးခဲ့ရမည်ဖြစ်သည်။

မေကျစ်ချင် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ အကြည့်ဟာ နောက်ဆုံးမှာ‌တော့ ဈေးဆိုင်ပေါ်တွင် လဲလျောင်းနေသော ခေါင်းလောင်းကြိုးတစ်ချောင်းကို တွေ့လိုက်ရတယ်။ ဤခေါင်းလောင်းအတွက် ယုံကြည်ခြင်းအမှတ် 3မှတ်လိုအပ်၏။

Daughter in Law (Realm-29)Where stories live. Discover now