"ရော့..ဒါကမင်းကိုအနည်းငယ်သက်သာစေလိမ့်မယ်.."

ဆေးလိပ်ကိုကမ်းပေးတော့မော့ကြည့်တယ်။ချောင်ကျနေတဲ့မျက်ကွင်းတွေကညိုမဲနေလေသည်။သူပေးတာကိုမယူပဲနံရံထောင့်ကိုကပ်သွားပြီးကျုံ့ကျုံ့လေးထိုင်နေတယ်။ဝမ်ရိပေါ်ကတစ်ချက်ပြုံးပြီးထိုကောင်လေးအနားသွားပြီးဆေးလိပ်ကိုပေးပြန်သည်။

"မယူဘူး..ကျွန်တော်လိုတာဒါမဟုတ်ဘူး"

ကောင်လေးကသူ့လက်တွေနဲ့နံရံကိုကုပ်ခြစ်​ေနပြီးခပ်ကြောင်ကြောင်ပြောနေသည်။ကြည့်ရတာဒီကောင်လေးကြောင်တော့မယ်ထင်တယ်။မသုံးရတာဘယ်လောက်တောင်ကြာနေပြီလဲ။ရူရုံတင်မကဘူးအသားထဲပါထိုးတာထင်တယ်။ယင်းထချိန်ခံနိုင်ရည်ရှိပါ့မလား

"ဒါကမင်းလိုချင်တဲ့ဟာလောက်မကောင်းပေမဲ့မင်းခံစားနေရတာကိုတော့အနည်းကျဥ်းသက်သာအောင်လုပ်ပေးနိုင်ပါတယ်..."

သူ့စကားကိုအဖြေပြန်မပေးပဲနံရံကိုသာတဂျစ်ဂျစ်ကုပ်ခြစ်နေသည်။

"သခင်ကြီးဝမ်..လာမယ်ဆိုလဲအကြောင်းကြားရော့ပေါ့ခုတော့ဘာမှမပြင်ဆင်ထားရဘူး"

လိမ်ဖယ်လိမ်ဖယ်လမ်းလျောက်လာတဲ့အမျိုးသမီးကအနီရောင်ချောင်ဆမ်ဝတ်စုံနှင့်ခြူပန်းတွေဆင်ထားဆံထိုးကိုခေါင်းမှာပန်ဆင်ထားသည်။

"Ms. Maria. သူ့ကိုကူညီလိုက်ပါ"

"Maria လို့ပဲခေါ်ပါလားကျွန်မကဒီမှာလုပ်နေပြီဆိုတော့တရင်းတနှီးခေါ်သင့်တာပေါ့.ဟုတ်ဘူးလား"

ချွဲပစ်နေတဲ့အသံနှင့်သူ့အနားလိုတာထက်ပိုကပ်ကာညုတုတုစကားပြောသည်။

"သူ့ကိုကူညီလိုက်ပါ"

"ကောင်းပါပြီရှင်..တစ်ယောက်လောက်လာအုံး.သူ့ကိုခေါ်သွားပြီးကူညီပေးလိုက်ကြ"

Mariaစကားလဲဆုံးရောလူတစ်ယောက်ကရောက်လာပြီးကောင်လေးကိုတွဲခေါ်သွားသည်။ကြာကြာဆက်ထားရင်ဒီကောင်လေးသေသွားလိမ့်မယ်။ဝမ်ရိပေါ်ကတပါးသူကိုကူညီပါတယ်နည်းလမ်းလေးမှားနေတာပဲရှိတာ။

"သခင်ကြီးဝမ်..ပထမလားအလယ်အလတ်လား နောက်ဆုံးလား"

"ငါဒီကိုလာတာအဲ့ဒါလုပ်ဖို့မဟုတ်ဘူး...မင်းကိုမေးချင်တာရှိလို့"

TRICK ✔Where stories live. Discover now