Part (1) Uni/Zawgyi

Start from the beginning
                                    

ထူးမြတ်လင်းဟာစီးဆောပေါ်ကနေဆင်းပြီး မေမေ ဟုဝမ်းသာအားရအော်ခေါ်ရင်းသူ့အမေကိုပြေးဖက်လိုက်၏။

ထူးမြတ်လင်းရဲ့အမေဟာ စီးဆော့ရဲ့ရှေ့ကထူးမြတ်လင်းရဲ့လွယ်အိတ်ကိုကောက်ယူရင်း ဒန်းပေါ်မှာတစ်ယောက်တည်းထိုင်နေသောမင်းထက်ခိုင်မြဲကိုမေးလိုက်သည်။

"တရုတ်ကြီး သား အမေ မနေ့ကမွေးပြီဆို ဘာလေးမွေးတာလဲ "

ထိုအခါ ရန်ကြီးအောင်နှင့်ထူးမြတ်လင်းတို့ပါ မင်းထက်ခိုင်မြဲဖြေလာမည့်အဖြေကိုစောင့်စားနေကြသည်။

"မိန်းကလေးတဲ့ အန်တီ"

မင်းထက်ခိုင်မြဲက မဖြေချင်ဖြေချင်နဲ့ဖြေလိုက်တော့ ထူးမြတ်လင်းရဲ့အမေကရယ်နေသည်။

"အန်တီလည်းမအားတာနဲ့မနေ့ကဆေးရုံကိုလာမမေးလိုက်ရဘူး ဒီနေ့ညမှလာခဲ့မယ်လို့ပြောလိုက်ဦးနော် သားရေ"

"ဟုတ်ကဲ့ အန်တီ"

"ရန်ကြီး မနက်ဖြန် မြေကော်ကား အရုပ်ယူခဲ့နော်"

ထူးမြတ်လင်းသည်သူ့အမေလက်ဆွဲပြီးပြန်လိုက်သွားရင်း ရန်ကြီးအောင်အား သူ့ရဲ့စက်ရုပ်နဲ့လဲဖို့သဘောတူထားသော ကားအရုပ်ကိုမမေ့ဖို့မှာနေသည်။

ထူးမြတ်လင်းပြန်သွားတော့ ရန်ကြီးအောင်ဟာမင်းထက်ခိုင်မြဲဘေးကလွတ်နေသောဒန်းပေါ်မှာထိုင်ပြီး မင်းထက်ခိုင်မြဲအားလှည့်ကြည့်၍မေးလိုက်သည်။

"မင်းက ဒီနေ့ဘာဖြစ်လို့ငါတို့နဲ့မကစားတာလဲ"

မင်းထက်ခိုင်မြဲကပြန်မဖြေဘဲ ဆူပုတ်စွာနဲ့ရှိနေတာမို့ရန်ကြီးအောင်လည်းဖြစ်နိုင်မယ့်နောက်တစ်ခွန်းကိုထပ်မေးလိုက်သည်။

"မင်း အမေက ကလေးမွေးလို့လား"

ထိုအခါခိုင်မြဲက ခေါင်းညိတ်၏။

"ဘာလို့လဲ မင်းကညီမလေးမလိုချင်ဘူးလား"

"မလိုချင်ပါဘူး ငါကညီလေးပဲလိုချင်တာ ညီလေးရမှငါနဲ့အတူကစားလို့ရမှာပေါ့ "

လက်စသတ်တော့ တရုတ်ကြီးဟာ သူ့အမေကမိန်းကလေးမွေးလို့စိတ်ညစ်ပြီးမှိိုင်နေတာဖြစ်၏။

The Challenge of Love (OC)Where stories live. Discover now