"အွန်း bible မလွှတ်နဲ့နော် " ဆိုပြီး သူ့လက်ကိုတင်းအောင်ဆုပ်ကိုင်ကာ ပြောလိုက်တော့ buiနဖူးလေးကို အနမ်းတပွင့်ချွေကာ

"စိတ်မပူနဲ့ ကိုယ် buiဘေးနားမှာအမြဲရှိတယ်နော် " ဆိုပြီး သူခေါ်ရာနောက်ကို တလှမ်းချင်း‌လိုက်ပါသွားတယ်။

သွားနေတဲ့ခြေလှမ်းတွေရပ်တန့်လိုက်တော့

"ပုဝါကိုဖယ်ပေးတော့မယ်နော် Bui ready 3..2..1.."
ဆိုတဲ့သူ့အသံလေးနဲ့အတူ အမှောင်ကနေ လင်းထိန်နေတဲ့အရာမဟုတ်ဘဲ romantic ဆန်ဆန်ခပ်မှိန်မှိန် မီးအရောင်လေးတွေနဲ့ပြည့်နှက်နေတာမို့ မျက်စိတော့အရမ်းမစူးသွားဘူး။

စားသောက်ဆိုင်တခုလုံးမှာ စားပွဲတလုံးဘဲရှိတယ်၊ တခြားသူတွေလဲမရှိဘဲ တဆိုင်လုံးငါတို့နှစ်ယောက်တည်းဘဲရှိတာမို့ အတော်အံ့ဩမိတယ်၊ ဆိုင်ရဲ့အပြင်အဆင်ကလဲ ငါအရမ်းကြိုက်တဲ့အပြာရောင်ပူ‌ေဖာင်လေးတွေဖဲပြား‌‌ေလး‌ေတွနဲ့ အလှဆင်ထားတာမို့ အရမ်းလှနေတယ်။ မျက်စိထဲထပ်မြင်လိုက်ရတဲ့အရာကြောင့် ပိုအံ့အားသင့်သွားတယ်

"Bible...ဒါ တွေ က ..."

"ဘယ်လိုလဲ ကြိုက်ရဲ့လား Bui "

Buiရဲ့ပုံတွေအများကြီးကို ချိတ်ဆွဲပေးထားတယ်၊ ငယ်ငယ်လေးကတည်းကပုံတွေအစ နှစ်အလိုက်အစဉ်တိုင်း ချိတ်ဆွဲပြထားသလို ပုံလေးတွေအောက်မှာ noteစာရွက်‌ေလးနဲ့ စာလေးတွေပါရေးထားတာမို့ တခုချင်းစီဖြေးဖြေးချင်းလိုက်ဖတ်ကြည့်နေမိတယ်။

တပုံချင်းစီလိုက်ကြည့်နေရင်း နောက်ဆုံးပုံရောက်မှ ထိန်းထားတဲ့မျက်ရည်တွေက စီးကျလာတော့တယ်။

Bible Pov

Buiအတွက် အံ့ဩစရာကောင်းတဲ့အခိုက်အတန့်လေးဖန်တီးပေးချင်တာမို့ ငါနဲနဲအားစိုက်ထုတ်ထားတယ်။ သူ့ကြိုက်ပါ့မလားဆိုတဲ့အတွေးဝင်မိပင်မယ့် ငါရဲ့ကြိုးစားအားထုတ်မှုကိုတော့ buiကအသိအမှတ်ပြုမယ်ဆိုတာ အကျွင်းမဲ့ယုံကြည်တယ်ဆိုတဲ့စိတ်နဲ့ surprise ပြင်ဆင်ထားတဲ့ဆိုင်လေးကိုခေါ်လာခဲ့တယ်။

သူ့အတွက်ပြင်ဆင်ထားတဲ့ အရာလေးတွေဓာတ်ပုံလေးကိုတခုချင်း လိုက်ကြည့်နေတဲ့ buiကိုအသာလေးရပ်ကြည့်နေလိုက်တယ်။ ပုံလေးတွေမှာ ငါသူ့ကိပြောချင်တဲ့ဟာလေ‌ေးတွရေးထားတာမို့ တခုဖတ်တိုင်း ငါမျက်နှာကိုတခါပြန်လှည့်‌ကြည့်နေတဲ့ buiကြောင့် တခါတရံ အကြည့်ချင်းဆုံသွားရင် ငါရှက်သွားသေးတယ်၊ အဲ့လိုခါမျိုးဆို buiက ပြုံးပြီး အလိုက်တသိပြန်လှည့်သွားပေးသေးတယ်။ လုပ်ယူစရာမလိုဘဲ အလိုလိုဖြစ်ပေါ်လာတဲ့ အမူအရာလေးတွေက အူယားစရာကောင်းနေတာမို့ အသဲယားနေမိတယ်။

HopeWhere stories live. Discover now