"နင်..နင့်ကြောင့်ငါ့သမီးဒီလိုဖြစ်ရတာ ဂြိုလ်ဆိုးမ"

"အန်တီ..စိတ်ထိန်းပါအန်တီရယ်..နော်ထူးနဲ့မဆိုင်ပါဘူး"

ဘေးက ဆရာမသဇင်က ဝင်ဆွဲပေမည့် ဆရာမသဇင်ရဲ့လက်ကို ဒေါ်ခင်နီလာ ရုန်းလိုက်သည်။

"ဆရာမအသာနေပါ..ဆရာမနဲ့ဒီကိစ္စကမဆိုင်ပါဘူး
ကျွန်မသမီးအခုလိုဖြစ်ရတာ သင်းကြောင့်"

ဒေါ်ခင်နီလာ၏ စကားအဆုံးနော်ထူးနှုတ်ခမ်းမှ
စကားသံတိုးလျှလျှလေး ပေါ်ထွက်လာသည်။

"တောင်းပန်ပါတယ်..အဖွားရယ်"

"နင့်ကိုငါတရားစွဲမယ် မကျေနပ်ဘူး
နင့်ကြောင့် နင်မကောင်းလို့
ကိုယ့်ဆရာမကိုတောင်မချန် သွေးဆောင်ဖြားယောင်တာ...နင့်ကြောင့်..ဟင့် ငါ့သမီးဒီလိုဖြစ်ရတာ...အဲ့တာအကုန်လုံးနင့်အပြစ်တွေချည်းပဲ!!"

"မရည်ရွယ်ပါဘူး အဖွားရယ်..ဟင့်..သမီးက
သမီးကဆရာမကိုတကယ်ချစ်တာပါ..တကယ်ဆိုဒီနေမှာသမီးဖြစ်ရမှာ..တောင်းပန်ပါတယ် ဟင့်"

"နင့်ကိုငါသတ်မယ်..နင့်ကိုငါသတ်မယ်..
နင်နဲ့ယူရင် ငါ့သမီးကောင်းစားမှာမဟူတ်ဘူး
မိန်းမချင်းဆိုပြီးပတ်ဝန်းကဲ့ရဲ့တာ ခံရမှာ
နင်မရှိရင် ငါ့သမီးအေးဆေးနေရတာ နင့်ကိုသတ်မယ်"

ပြောရင်းနော်ထူးဆီလာပြီး နော်ထူးကိုလည်ပင်းညစ်လေသည်။ဘယ်လိုပင် လူငယ်ဆိုပေဉီး
အားနည်းနေတဲ့အချိန်မှာတော့ ဒေါ်ခင်နီလာရဲ့အားကို ပြန်မခုခံနိုင်..ခေါင်းမော့၍ အသက်ကိုလုရှူနေရသည်။ထို့နောက်လက်တစ်ဖတ်က နော်ထူးဆံပင်တို့ကို
အတင်းဆွဲထားတာကြောင့်....နဂိုကတည်းက ကိုက်နေတဲ့ခေါင်းက အခုဆိုတရိပ်ရိပ်...

"အန်တီရယ်..လွှတ်ပေးပါ...ကလေးကိုလွှတ်လိုက်ပါအန်တီ..ကလေးမှာအပစ်မရှိပါဘူး!!"

သဇင်လည်းပြောရင်း ဒေါ်ခင်နီလာရဲ့ လက်တွေအတင်းဆွဲကာတားနေပေမယ်မရပေ..

"မရဘူး..သူ့ကိုသတ်ရမယ်...အဲ့တာမှာငါ့သမီးသာမန်ဘဝကိုရောက်မှာ....ညည်းဖယ်.."

အခန်းထဲရုတ်ရုတ်သဲသဲအသံတွေကြောင့် သူနာပြုလေးတွေနဲ့ ဆရာဝန်နှစ်ယောက်ရောက်လာသည်။အဖြစ်အပျက်ကိုမြင်သည်းအခါ..ဒေါ်ခင်နီလာ့ကိုဝိူင်းဆွဲထားကြသည်။

မြတ်နိုးရသူWhere stories live. Discover now