အာ့"

ရုတ်တရက်ခေါင်းကထိုးကိုက်လာသည်။
ပြတင်းပေါက်မှန်ကလေတစ်ဝှေ့ကြောင့် ပွင့်နေသောစာအုပ်ကလေးမှာ ဘုတ်ကနဲ ပိတ်သွားသည်။
နဖူးထက်မှအနာရွတ်၏ နာကျင်ခြင်းကိုခံစားမိသည်။
ဟယ်ရီသည် စာအုပ်ကိုအံဆွဲထဲသို့ထင်ပြီး အိပ်ရာထဲဝင်လှဲကာ မျက်လုံးစုံမှိတ်ရင်း အတွေးတွေကိုလွှတ်ချမိလိုက်တော့သည်။

..................

"ဟယ်ရီ...ဟယ်ရီ ထတော့"
ရွန့်အသံကြောင့် ဟယ်ရီနိုးလာသည်။

"ရွန်..မနေ့ကစာအုပ်ကငါ့ကိုစကားပြောတယ်"

"what? "

စောင်ခေါက်နေတဲ့ရွန်ကအံသြတကြီးဖြင့် သူ့ထံပြန်လာကာ ဟယ်ရီပြောသည်ကို သေချာနားထောင်ပြီး

"ဟယ်ရီ..ငါတို့တော့ဟိုကလေးမကိုသွားပြောမှဖြစ်တော့မယ်"

.............

မနက်စာစားချိန်တွင် ဟော့ဝပ်ဟောခန်းကြီးကလူစုံလို့နေပြီ။

တင်မ်..တင်မ်..။
ပါမောက္ခဒမ်ဘယ်ဒေါလ် ၏ ဇွန်းခေါက်သံသဲ့သဲ့သည် ဟောခန်းတစ်ခန်းလုံးတိတ်ဆိတ်သွားသည်အထိ အာဏာလွှမ်းမိုးပါသည်။

"ကလေးတို့..ကွစ်ရှ်ဒစ်လေ့ကျင့်ရေးက မကြာခင်ပြီးဆုံးတော့မှာမို့ ပြိုင်ပွဲအတွက် အားတင်းထားကြဖို့ပြောချင်ပါတယ်"

လက်ခုပ်သံများညံစီကာထွက်လာသည်။
စားလို့ရပါပြီဆိုသည့်စကားနောက်တွင် ဟောခန်းကြီးသည် ပြန်၍စည်ကားလို့လာလေသည်။

"ဟာမွန်နီ..ငါတို့ပြောစရာရှိတယ်"

ရွန်ကသူ့ရှေ့တွင်မျက်နှာချင်းဆိုင်ထိုင်လျက်ရှိသောဟာမွန်နီ့ကိုပြောကာ ဖရုံသီးဖျော်ရည်သောက်နေသော ဟယ်ရီ့ကို တံတောင်ဖြင့်ထိုးချလိုက်သည်။

"အာ..ပြီးမှပြောမယ်"

"ပြီးမှပြောလို့မရဘူးဟယ်ရီ..ပြီးရင် ပရော်ဖက်ဆာစနိပ်အချိန်ဝင်ရမှာ"

"ဟမ်"

ဟာမွန့်နီစကားကြာတော့မှ ဟိုသကောင့်သားကို သတိရသွားသည်။
တစ်နေ့နဲ့တစ်မနက်လုံးမေ့ထားခဲ့ကာမှ အခုအစပြန်ဖော်လာတော့ နည်းနည်းတော့စိတ်ရှုပ်ည်။
ဟူးး...အဲ့ကောင်ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Opowieści tętniące życiem. Odkryj je teraz