" မြတို့တွေ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာလေ။ ဘာလို့မေ့ပြစ်လိုက်ရတာလဲ ဒါလင် "
" သေချာလား "
" အဲ့မေးခွန်းကို မမေးသင့်ဘူး "
" ဒါဆို ဘာလို့ကျုပ်အနားမှာ ခင်ဗျားမရှိနေရတာလဲ "
" စောင့်နေခဲ့တာမို့လေ။ ကမ္ဘာဆိုတာ ကျဉ်းကျဉ်းလေးမဟုတ်လား။ ဘယ်လိုပဲ ပုန်းကွယ်နေပါစေ မြကိုမရရအောင် ပြန်လာရှာမယ်လို့ ပြောခဲ့တယ် မဟုတ်လား ဒါလင်။ ကတိဆိုတာ စကားသပ်သပ်မို့ လက်တွေ့သက်သေပြပေးမယ်ဆို "
အိမ်မက်ထဲမှာလည်း ထိုစကားသံတွေကို ကြားခဲ့ရဖူးသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မပြောပြခဲ့ဖူးတဲ့ အိမ်မက်အကြောင်းကို ဒီအမျိုးသမီးက ဘယ်လိုသိနေရပါသလဲ။ အတိတ်တွေထဲမှာ တကယ်ပဲ ဒီအမျိုးသမီးက ကျုပ်အပိုင်လား။
" ကျုပ်ကို သက်သေပြပေးနိုင်မလား "
" ဟင် "
" ကျုပ်တို့နှစ်ဦးရဲ့ ဆက်နွယ်မှုနဲ့ ပတ်သက်ပြီး ခင်ဗျားဘက်ကနေ သက်သေပြပေးနိုင်မလား "
" ဘာကြောင့်လဲ "
" ကျုပ်အတိတ်မေ့နေတာ ခြောက်လရှိပြီမို့လို့ပဲ "
ထိုနေ့က တစ်စွန်းတစ်စကြားခဲ့ရသော ဦးမင်းပိုင်၏ မသေရင်ပြီးရောဆိုသည့် စကားနောက်ကွယ်မှာ ချစ်ရသူဟာ ယခုလို ဝေဒနာကို ခံစားသွားခဲ့ရသည်တဲ့လား။ အတ္တကြီးလွန်းပါတယ်ဆိုတဲ့ မူပိုင်က ချစ်ရသူကိုတောင် မေ့သွားသည်အထိ အတိတ်ကိုစွန့်လွှတ်ခဲ့ရတာလား။
" ရန်ကုန်ကိုပြန်မယ်၊ မြတို့ရဲ့ အိမ်ကိုပြန်ကြရအောင် ဒါလင်။ လိုက်ခဲ့မယ် မဟုတ်လား "
" ဒယ်ဒီ့ကို အသိပေးပြီးရင် ကျုပ်ပြန်ပြောမယ် "
" ဟင့်အင်း မဖြစ်ဘူး ဒါလင်။ ဦးမင်းပိုင်ဆီကသာ ခွင့်တောင်းလိုက်ရင် မြတို့ဒီထပ်ပိုဝေးဖို့ပဲ ရှိလိ့မ်မယ်။ မြကို ယုံကြည်ပြီးသာ လိုက်ခဲ့ပေးနော် "
" ဘာလို့မှန်းမသိပေမယ့် ကျုပ်ယုံတယ်။ မနက်ဖြန်မနက် ဘူတာမှာ ကျုပ်ကိုစောင့်နေပေး "
" မြ စောင့်နေပါ့မယ် "
မြဆီသို့ တည့်တည့်မတ်မတ် လှမ်းလာသူကို ငေးလို့သာရပ်ကြည့်နေမိသည်။ မတွေ့ခဲ့ရသော ခြောက်လအတွင်း သိသိသာသာ ပိန်ကျသွားသည့် ခန္ဓာကိုယ်လေး။ မြ တစ်ကိုယ်စာကိုတောင် အသာအယာလေး ပွေ့ချီနိုင်သော မူပိုင်မှဟုတ်ပါရဲ့လားဟု တွေးမိသည်။
YOU ARE READING
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾
အပိုင်း (၁၆/z)
Start from the beginning