အခန်း 43: ရှင့်ရဲ့သားဘယ်မှာလဲ?!

9 1 0
                                    

Unicode

နိုရာ ထိတ်လန့်သွားသည်။

မစ္စစ်ဟန့်၏ အမျိုးမျိုးသော ကျန်း မာရေးအညွှန်းများကို စစ်ဆေးနေသော သူမသည်အေးခဲသွားသည်။ သူမသည် ခေါင်းကိုဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်သော် သူမနှင့် အမြဲရင်းနှီးသည့်အာရုံခံစားမှုကို ယူ ဆောင်လာခဲ့သော ကောင်လေးကို ချက်ချင်းတွေ့လိုက်ရသည်။ ထိုကလေးသည် လောလောဆယ်တွင် သူမကို မော့ကြည့်နေသည်။

သူသည် မျက်နှာဖုံးနှင့်ဦးထုပ်ကိုဝတ်ဆင်ထားသောကြောင့် သူ၏အ သွင်အပြင်ကို ရှင်းရှင်းလင်းလင်း
မမြင်ရပေ။ သို့သော်သူ၏ရင်းနှီသောမျက်လုံးများသည် မိသားစုချစ်ခြင်းမေတ္တာများနှင့်အသနားခံနေခြင်းများဖြင့်ပြည့်နှက်နေသည်။

နိုရာ၏စိတ်သည် ရုတ်တရက်လွတ် ထွက်သွားသည်။ အတွေးတစ်ချို့က သူမစိတ်ထဲဝင်လာတော့မည့်အချိန်တွင် အခြားစက်တစ်ခုမှ အချက်ပေးသံမြည်လာသည်။

လူနာကိုကယ်တင်ရန်သည် ယခုအ ချိန်တွင် အရေးကြီးဆုံးဖြစ်သည်။

သူမရှေ့က အခြေအနေကို ပြန်အာ ရုံစိုက်လိုက်ပြီး မစ္စစ်ဟန့်ရဲ့ သွေး ပေါင်ချိန် အနည်းငယ်တက်လာတာကို ကြည့်လိုက်သည်။

တီနာလည်းဒီအချိန်မှာ အမြန်ဝင်လာပြီး နောက်ဆုံးတော့နိုရာကိုသူမ သတိထားမိလိုက်သည်။ သူမက မျက်နှာဖုံးကို၀တ်ရင်းမျက်မှောင် ကြုတ်ကာ မေးလိုက်သည် ။
"ရှင်က ဘယ်သူလဲ?၊ ဒီနေရာက အထူးကြပ်မတ်ကုသဆောင်ပါ။ ကျေးဇူးပြုပြီး ချက်ချင်းအပြင်ထွက်ပေးပါ"

"မစ်စမစ်က ငါ့တောင်းဆိုမှုအရ ရောက်နေတာပါ"

ဂျပ်စတင်က တိုတိုတုတ်တုတ်ပြောကာ ကုသဆောင်သို့ဝင်လာသည်။ သူက "သူမကို ကယ်ဆယ်ရေးမှာ ပါဝင်ခွင့်ပေးပါ" ဟုအမိန့်ပေးခဲ့သည်။

တီနာကခဏရပ်ပြီး သူမ၏စူးရှသောအကြည့်သည် သူမ၏မျက် လုံးများပေါ်တွင် လင်းလက်လာသည်။ သို့သော် သူမရုတ်တရက် တစ်ခုခုကိုတွေးမိပြီး ခေါင်းညိတ်ကာဆိုသည်။ "ကောင်းပြီ ရတာပေါ့"

လူနာဆောင်သည် အခြားအလုပ် များသည့်ကာလသို့ ရောက်ရှိလာသည်။ ဂျပ်စတင်က ဖိစ် ကို သူနှင့်အတူခေါ်သွားပြီး လူနာဆောင်ထဲက ထွက်သွားသည်။ နိုရာသည်ချင့်ချိန် ကာ ဘေးတွင်ရပ်လိုက်သည်။

စေ့စပ်ပွဲဖျက်ပြီးနောက် စွဲမက်ဖွယ်ကောင်းလာတယ် (၁)Where stories live. Discover now