✽ အပိုင်း ၂၄ ✽

Start from the beginning
                                    

ဖခင်တစ်ယောက်အနေဖြင့် သမီးဖြစ်သူကိုခေါ်ထားချင်ခဲ့သော်လည်း သမီးဖြစ်သူက သူ့ကို မိခင်ဖြစ်သူလောက် လုံးဝမမက်ခဲ့သည့်အခါ ကွာရှင်းပြတ်စဲခဲ့သည်။ ထို့နောက် သားအမိနှစ်ယောက်လုံးကို နာကြည်းစိတ်နှင့်စွန့်ပစ်ခဲ့သည်။ ယခုတွင်မူ သူစွန့်ပစ်ခဲ့သောသားအမိနှစ်ယောက်မှာ သူ့ရှေ့တွင်တစ်ဖန်ပြန်ပေါ်လာလျက်။

ကိုသူရမြိုင်လည်း မိုးရေထဲတွင် ကြွက်စုတ်ဖြစ်နေသော မမေကလျာနှင့်သမီးငယ်သိမ်မွေ့စံနွယ်အား သနားမိ၍ အိမ်ထဲသို့ အဝင်ခံခဲ့သည်။ မမေကလျာမှာ သမီးငယ်ကိုချီထားရာမှ ကြမ်းပြင်ပေါ်သို့ ညင်သာစွာချခဲ့သည်။ သူမ ကိုင်ဆောင်ထားသောအဝတ်ထုပ်ကိုလည်း ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။

" မင်းတို့သားအမိကို ဒီတစ်ညပဲနေခွင့်ပေးမယ် "
ကိုသူရမြိုင်မှာ မမေကလျာနွယ်ကို အသံတင်းမာစွာပြောခဲ့လျှင် သူမခမျာ သူ၏ခြေသလုံးနှစ်ဖက်ကိုကိုင်ကာ ဒူးထောက်ထားခဲ့သည်။

" ယောကျာ်းရယ် ... မေတို့ကို အဲဒီလောက်ထိ မရက်စက်ပါနဲ့ "

" ငါ မရက်စက်ခဲ့တုန်းကရော မင်းကလိမ္မာခဲ့လို့လား မေကလျာနွယ်"

" ကိုရယ် ... "

ကိုသူရမြိုင်၏စကားကြောင့် သူမမှာ ရင်ထဲစို့တက်လာပြီး ပန်းနုရောင်သန်းနေသောပါးမို့မို့တွင် မျက်ရည်ပူများက နဖူးထိပ်ကဆံနွယ်များတွင် ကျဆင်းနေသောမိုးရေစက်အေးများနှင့်အတူရောယှက်ကာ စီးကျလာသည်။ ' ကိုရယ် ' ဟူသောစကားနှစ်လုံးမှအပ ကျန်စကားလုံးများကို ပြောမထွက်ခဲ့ပေ။ သူမ၏အတိတ်ကအမှားများကို နောင်တရနေခဲ့သည်။

တစ်ချိန်က သူမကို ' မေ' ဟု ကြင်နာစွာခေါ်လေ့ရှိခဲ့ပြီး သူမငိုအတိုင်းအထက်လွန်ချစ်မြတ်န်ိုးခဲ့သည့်ခင်ပွန်းသည်မှာ ယခုတွင်ခက်ထန်စွာ ပြုမူဆက်ဆံနေခဲ့သည်။ သူမ အလွန်နာကျင်ရပါသည်။ နှလုံးသားတစ်ခုလုံးသည် ဓားဖြင့်အစိမ်းလိုက်ခွဲခံရသကဲ့သို့ နာကျင်နေရသည်။ သို့သော် ယခုလိုဖြစ်နေရသည်မှာ သူမပြုလုပ်ခဲ့သောအမှားများကြောင့်သာ။

" ငိုမနေနဲ့ ... ရေချိုးခန်းထဲမှာ ရေသေချာသုတ်ပြီး အဝတ်အစားသွားလဲ "

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now