✽ အပိုင်း ၁၉ ✽

Beginne am Anfang
                                    

" ဘရဏီ ... ပါးပါးကိုသေချာကြည့် ... ဘရဏီ "

သျှန်က လေသံမြှင့်ကာ အော်လိုက်သည့်အခါ ဘရဏီမှာ မျက်ရည်စီးကြောင်းဖြင့် သူမ၏ပါးပါးသျှန်ကို သေးသိမ်သောအကြည့်များဖြင့် မော့ကြည့်လာသည်။

" ပါးပါး ... "

" ဘရဏီ ... အိမ်မက်ဆ်ိုးတွေမက်နေတာလား၊ ပါးပါး ဘရဏီအနားမှာရှိတယ်၊ မကြောက်နဲ့နော် "

" သမီး တကယ်အိမ်မက်ဆိုးတွေမက်နေခဲ့တာလား "

" ဟုတ်တယ် ... သမီးဘရဏီ အိမ်မက်ဆ်ိုးတွေမက်နေတာ "

သျှန်က ဘရဏီကို အိမ်မက်ဆိုးဟူသောခေါင်းစဥ်တပ်၍ သူမတွေ့ကြုံခဲ့ရသောငရဲခန်းအကြောင်းအားမေ့နိုင်အောင် မုသားပြောခဲ့သည်။

" ဟင့်အင်း ... ပါးပါး သမီးကိုလိမ်နေတာ "

" ပါးပါး မလိမ်ပါဘူး "

" သမီး ... သမီးကို "

ဘရဏီမှာ စကားဆက်ပြောဖို့ တုန်လှုပ်ချောက်ချားစွာ မောဟိုက်နေခဲ့စဉ်မှာ သျှန်ကမုသားအပြုံးတစ်ခုနှင့်အတူ ဘရဏီ​၏ပါးပြင်ကို ညင်သာစွာ ပွတ်သပ်နေသည်။

" အိမ်မက်ဆိုးတွေက သမီးမှတ်ဉာဏ်ထဲမှာ အမြဲရှိနေဖို့မလိုဘူးလေ ... အဲဒီလိုရှိနေရင် သမီးကအမြဲတမ်း အိမ်မက်ဆိုးတွေလှောင်တာခံနေရမယ် "

သျှန်က စကားတစ်လုံးချင်းကို နူးညံ့ပျော့ပျောင်းသောလေသံနှင့် အေးဆေးတည်ငြိမ်စွာပြောနေသည့်ပုံက ဘရဏီအတွက် ဖခင်အရင်းတစ်ယောက်ပမာ နွေးထွေးလွန်းသည်။ ဘရဏီအတွက် သျှန်ကအမှောင်ကိုခွင်းကာ အလင်းဆောင်ကျဉ်းပေးသော လှပချောမောသည့်နတ်ဘုရားတစ်ပါးအလား။

" သမီးက ချစ်စရာကောင်းပြီး တန်ဖိုးရှိတဲ့ကလေးလေး... ပြီးတော့သမီးကိုဘရဏီလို့နာမည်ပေးထားရတာ ရဲရင့်ထက်မြက်တဲ့အမျိုးသမီးလေးတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်လို့ ... နက္ခတ် (၂၇)လုံးမှာ ဒုတိယမြောက် ဘရဏီနက္ခတ်ဆိုတာရှိတယ်၊ အဲဒီနက္ခတ်နဲ့ပတ်သက်ပြီး ပညာရှင်တွေကတော့အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုကြတယ် "

သျှန်က ဘရဏီ၏ခေါင်းလေးကို သူ၏ညာဘက်လက်ဖြင့် ပွတ်သပ်ပေးနေရင်း စကားဆက်ပြောသည်။ ဘရဏီက ငြိမ်သက်နေသည်။ သူမ မျက်ဝန်းများထဲတွင် သျှန်၏အပြုံးများက ရောင်ပြန်ဟပ်နေသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Wo Geschichten leben. Entdecke jetzt