အခန်း 42- မာမီ၊ အဖွားကိုကယ်ပေးပါ

Start from the beginning
                                    

အခု သူမကသူ့ကို အနီးကပ်ကြည့်လိုက်တော့ သူ့ကိုယ်လုံးကိုယ် ပေါက်က ချယ်ရီနှင့်အလွန်ဆင်တူကြောင်း သူမသိလိုက်သည် ။

သူမက သူ့ကိုနည်းနည်းလေး ပိုပြီးလေ့လာချင်တဲ့အခါ လူနာဆောင်ထဲကအသံတွေက သူမကို အာရုံစိုက်မိသွားစေသည်။

သူမကရောက်ရှိလာပြီး ချက်ချင်းဆိုသလို လူနာဆောင်ထဲကို မဝင်သွားပဲ ထိုအစားသူ့ကိုသာကြည့်နေတာကို ဂျပ်စတင် သတိပြုမိတော့ သူ့နှလုံးသာက နစ်မြုပ်သွားသည်။ အဖွားကို ကယ်လို့မရတော့ဘူးလို့ အန်းထီလည်းတွေးနေတာလား?။

သူ့အသံက အရမ်းတိုးလျနေသည်။ ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့ပြီး သူ့အသံသည် တိုးတောင်း ပန်တိုးလျိုးနေကာ ပြောလာသည်။ "မစ္စမစ်၊ ကျေးဇူးပြုပြီး"

သို့သော်လည်း သူပြောမပြီးခင်
နိုရာသည် သူမ၏ အကြည့်ကိုပြန်ရုတ်လိုက်ပြီး လူနာဆောင်ထဲသို့ ဝင်သွားခဲ့သည်။

Finest ဆေးရုံသည် နိုင်ငံတွင်းတွင် ကျော်ကြားသော ဆေးရုံတစ်ခုအဖြစ် ဂုဏ်သတင်းနှင့်ထိုက်တန်ပါသည်။ ၎င်းတို့၏ ကိရိယာများမှ ဆရာဝန်များအထိ၊ ၎င်းသည် အမေရိကန်တွင် အကောင်းဆုံးသော ဆေးဘက်ဆိုင်ရာ အခြေအနေများကို ဝံ့ကြွားစွာ ပြသနေခဲ့သည်။ သူနာပြုတွေတောင် အထူးကျွမ်း ကျင်ကြသည်။

လူနာကို ကယ်တင်ရန်အားလုံးက စနစ်တကျ လှုပ်ရှားနေကြသည် ။

"လျှပ်​စစ်​​ရှော့တိုက်​ဖို့ပြင်​မယ်။"

"200 ဗို့!"

ဘန်း!

"...."

တီ တီ တီ ...တီ တီ...

သူမ၏ နှလုံးပြန်ခုန်လာသောအခါတွင် ဆရာဝန်များနှင့်သူနာပြုများက သက်ပြင်းလိုက်ချကြသည်။

သို့သော် နိုရာမျက်မှောင်ကြုတ်လိုက်သည်။ ယခင်က လူနာ၏ အချက်အလက် အမျိုးမျိုးကို သူမလေ့လာခဲ့သည်..။

"မစ္စတာဟန့်၊ မစ္စစ်ဟန့်ရဲ့ ခန္ဓာ ကိုယ်က ကန့်သတ်ချက်ကို ရောက်နေပါပြီ။ အခုလေးတင် သူမနှလုံးခုန်ရပ်ပြီး ကိုယ်တွင်းကလီစာတွေ တော်တော်များများပျက်စီးသွားပါပြီ။ သူမအချိန်တိုအတွင်း
မနိုးလာဘူးဆိုရင်အသက်အန္တရာယ်ကျမှာကို ကြောက်ရပါတယ်။ "

စေ့စပ်ပွဲဖျက်ပြီးနောက် စွဲမက်ဖွယ်ကောင်းလာတယ် (၁)Where stories live. Discover now