ဟိုအတွဲနှစ်တွဲ ဘေးမှာ ငါတို့နှစ်ယောက်လည်းရှိသေးတယ်သိလား မင်းတို့ပဲစိတ်လှုပ်ရှားနေတာ လက်တွေအေးစက်နေတာမဟုတ်ဘူး

ဟဲဟဲ မင်းကလည်းကွာ ငါတို့ကဒီအတိုင်းကိုယ်ဖြစ်နေတာလေးကိုပြောပြယုံပါ

အေးတပူးပူးတတွဲတွဲလုပ်နေ လူကြီးတွေပါရှိနေတာသတိရကြဦး တော်ကြာ အောင်စာရင်းလည်းကြည့် အဆူလည်းခံရဖြစ်နေမယ်

အေးပါကွာ မင်းကလည်း သူရည်းစားမရှိတိုင်းသူများချစ်ခြင်းလိုက်ခွဲနေတာ ဒင်းတစ်နေ့ဝဋ်လည်မယ်

ဘာပြောလိုက်တယ် ပြန်ပြောစမ်း ခန့်ညားဘုန်း နေဂုဏ်ရှိန်လင်း"

"နေလင်း ငါမင်းအနားကပ်ပြီးတိုးတိုးလေးပြောတာကို သွင်ထက်ကဘယ်လိုကြားသွားရတာလဲ

မင်းမေကြီးတော်က မင်းဘေးနားမှာလေ သားလေးရဲ့
သူမကြားဘူးဆိုမှထူးဆန်းတာ"

"ဟဲဟဲ သွင်ထက် ငါ ငါက စ စတာပါကွာ ဗွေမယူပါနဲ့
နော် သူငယ်ချင်း အချင်းချင်းပဲဟာ

အေး မင်းကြည့်နေကြည့်စားသိလား ဟေ့ရောင် ငါ့ဂွင်ထဲဝင်မလာစေနဲ့

ဟဲဟဲ ကျေးဇူးကြီးမားလှကြောင်းပါသူငယ်ချင်းလေးရယ်

ပြောင်စပ်စပ်လာမလုပ်နဲ့ ငြိမ်ငြိမ်နေ

အေးပါကွာမင်းကလည်း "

"သားတို့ ည၁၁နာရီ ခွဲနေပြီ သွားကြတော့လေ

ဟုတ် အခုပဲသွားတော့မလို့လုပ်နေတာ

အေးအေး လမ်းမှာ ဂရုစိုက်နော် ကလေးတွေ

ဟုတ်ကဲ့

ဒါဆို သမီးတို့သွားကြည့်လိုက်ဦးမယ်နော်ဘွားဘွား

အေးအေး မသွားခင် ဘုရားရှိခိုးသွားကြဦး

ဟုတ်ကဲ့

မြေးငယ် သူငယ်ချင်းတွေနဲ့ဘုရားခန်းမှာ သေချာရှိခိုးပြီးဆုတောင်းလာခဲ့ကြ

ဟုတ်ကဲ့ ဘိုးဘိုး

လာသူငယ်ချင်းတို့ ငါ့နောက်ကလိုက်ခဲ့ကြ

အေးလာပြီ "

သူတို့သူငယ်ချင်းတွေ ဘုရားမှာ သေချာရှိခိုးပြီးဆုတောင်းကာ အောက်ထပ်ကိုဆင်းလာခဲ့ကြတယ်

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Όπου ζουν οι ιστορίες. Ανακάλυψε τώρα