အထူးသဖြင့် ဒေါ်ယုယမြိုင် ၏ ဝန်ထမ်းမလေး တွေပါလာသည်။ ဝိုင်းကူလုပ်ပေးဖို့ဖြစ်လိမ့်မယ်။ ဒေါ်ယုယမြိုင်ဘေးမှာ ဒေါ်ခိုင်ခက်ဦး ရှိလေသည်။ ကျောင်းထိုင်နှင့် စကားစမြည် ပြောနေ ကျဟန်တူပါသည်။

တိမ်တိုက်လည်းဝင်သွားလိုက်ပြီး ဘုရားအရင်ရှိခိုးကာ ကျောင်းထိုင်ကို ဦးချလိုက်သည်။ နောက်တော့...ခွန်းတို့သားအဖပါ ရောက်လာသည်။

'' ခွန်မယ့်.. ရှန်မင်းတို့ရောက်ပြီမလား ။ ဘယ်မှာလဲ ''

'' ချက်ပြုတ်တဲ့နေရာမှာ သွားကြည့်နေတယ် သား။ ဟိုဘက်မှာ ''

နောက် ဆည်းဆာမောင်ကို ဒေါ်ယုယမြိုင်တို့နှင့်ထားခဲ့ကာ ခွန်းနဲ့တိမ်တိုက်တို့ ရှန်မင်းတို့ရှိရာ ထွက်လာခဲ့ကြသည်။

မလှမ်းမကမ်းတွင် အမိုးမိုးထားသော ခပ်ကြီးကြီး နေရာတစ်ခု တွင် ချက်ပြုတ်ကြသူများ နှင့် မီးခိုးတွေဟာ ရော ယှက်လျက်။ ဟင်းနံ့တစ်ချိူ့ကို ဒီကနေတောင် ရနှင့်နေလေပြီ။

ရွာလေးငါးရွာ စာအတွက် ချက်ပြုတ်နေကြရသည်မို့ အစားအသောက်များကတော့ မနည်းမနောပင်။

ထိုနေရာ ၏ ခပ်လှမ်းလှမ်းရှိ အပင်ကြီးတစ်ပင်အောက်တွင်စကားပြောနေကြသော စောမဟာသွေး နှင့်ရှန်မင်းခက်တို့ ရှိကြသည်။

'' နောက်ကျလိုက်တာ အလှူရှင်တွေဖြစ်ပြီးတော့ ''

ရောက်ရောက်ချင်း အပြစ်ပြောသူကတော့ သေချာပေါက် ရှန်မင်းခက်ပင်။

'' ဟ ငါက လင်နဲ့သားနဲ့ကွ သူများတွေလိုမဟုတ်ဘူး...... နော်...မောင် ''

ပြောလည်းပြော ခွန်းကိုလည်း လှည့်ပြောရသေးသည်။

'' ငါလည်း လင်နဲ့... ဟင်း...တွေ့မယ် မင်း ပြီးမှ ငါနဲ့။ ''

'' ဆည်းဆာရော တိမ်တိုက် '' ကိုကို ဝင်မေးတော့

'' မယ့်တို့ဆီမှာ ထားခဲ့တယ်။ ''

'' ဒါဆို သားဆီသွားလိုက်ဦးမယ် '' ဟု ပြောကာ ကိုကို ထွက်သွားလေသည်။ တည်ကြည်နေသော မျက်နှာထားကြောင့် တိမ်တိုက် မျက်ခုံးအနည်းငယ်ပင့်သွားသည်။ ကိုကို ခပ်လှမ်းလှမ်းရောက်မှ

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now