တိမ်တိုက်က စိတ်ကြည်လင်ရွှင်လန်းမှုကို ဘယ်အရာမှ ဖုံးထားနိုင်ခြင်းမရှိ ။ သွားတက်  တစ်ဖက်ဟာ ယခုထက်ထိ မပျောက်သွားသေး။

'' ပျော်တာပေါ့ မောင်ရဲ့... ဒီအလှူကို လုပ်ချင်နေတာ ကြာပြီ လေ ။ မောင်ပဲ မအားတာနဲ့ ရွှေ့ရွှေ့ နေတာ ''

'' ဟုတ်ပါပြီ ...ထပ်မအိပ်တော့ဘူးလား နည်းနည်းလိုသေးတယ် မနက်ကလည်း အစောကြီးထ ထားတာ ပြီးရင်ဟိုရောက်ရင်လည်း လုပ်ရကိုင်ရမှာနဲ့ တအားပင်ပန်းမှာ ''

'' ရပါတယ် မောင်ရဲ့ ။ ဘာမှမဖြစ်ဘူး ''

'' သဘော  သဘော ''

အနက်ရောင်ကားလေးဟာ မိသားစု တစ်စုကို တင်ဆောင်ရင်း မိုင်တိုင်တစ်ချိူ့ကို လွန်လာပြီးနောက် သတ်မှတ်ထားသည့် နေရာသို့ ရောက်လာခဲ့သည်။

လမ်းမကြီးကနေ အတွင်းဘက်ကို အတော်လေး ဝင်ရသေးသည်။ လမ်းက ေမြသားလမ်း ဖြစ်သည့်အပြင် မိုးရာသီကာလမို့ အချိူင့်အခွက်တွေနဲ့ ဗွက်တွေလည်းထနေသေးသည်။

ခွန်းတို့ကားလေးမှာ ထိုလမ်းလေးပေါ်တွင် အလူးလူး အလိမ့်လိမ့်ပင်။

အဲ့သည်လိုနှင့် အလှူလုပ်မည့်ရွာထဲသို့ ရောက်လာခဲ့သည်။  လူသိနည်းသော ရွာလေး ဖြစ်သော်လည်း လူဦးရေမှာ မနည်းလှ။ ထို့ပြင် အထဲသို့ဆက်ဝင်လျှင် ရွာတွေအများကြီးရှိသေးသည်ဟု သိရသည်။

ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝါဆိုသင်္ကန်းလည်းကပ်ရင်း အလှူ လုပ်မှာဖြစ်သည်။ ဘုန်းကြီးကျောင်းပုံစံမှာ အကျယ်အဝန်းအားဖြင့်အတော်အတန်ရှိလှသော်လည်း ကျောင်းဆောင်ကတော့ နည်းပါးလှသည်။
။ ကျောင်းကွင်းပြင် ပြန့်ကျယ်ကြီးတွင် အရိပ်ရ သစ်ပင်များနှင့် အပင် အချိူ့သာ ရှိသည်။ ကျန်တာက ကွင်းပြင်ကြီးပင်။

ကျောင်းထောင့်တစ်နေရာတွင် ကားသုံးစီးမှာ ခွန်းတို့ထက် အရင်ရောက်နှင့်နေလေပြီ။

'' မေမေတို့ရောက်နေပြီ ထင်တယ် ''

'' အင်း သားကို မောင်ခေါ်လာလိုက်မယ်။ မင်း သွားနှင့်လိုက် ''

တိမ်တိုက်ကားပေါ်က ဆင်းကာ ဘုရားကျောင်းဆောင်ဘက်သို့ ဝင်သွားတော့ အထဲတွင် လူတော်များများတောင် ရောက်နှင့်နေလေပြီ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now