"ဒီမှာ..ဒီမှာ..ရှင်တို့ပေါက်ဆီရပြီးကြည့်နေလိုက်ကြတာအလုံးကြီးကျွတ်ပါသွားတော့မလိုပဲ"

ခုနကအသံနဲ့ဆီနဲ့ရေလိုကွာခြားတဲ့လေသံနဲ့ပြောနေတဲ့စော်လျန်ကြောင့်ထိုနှစ်ယောက်ကသတိပြန်ဝင်လာတယ်။ထို့နောက်အနားကိုတိုးကပ်သွားပြီး

"ခုနလူကိုမင်းသိလား"

"သိတယ်လေသူကကျွန်မဖောက်သည်ပဲမနက်တိုင်းကျွန်မဟာစားနေကျ..အယ်..ပေါက်ဆီကိုစားနေကျ"

"ဒါဆိုသူကဘယ်သူလဲ"

"သူက...."

မျက်ခုံးမွှေးထူထူနဲ့လူကမေးတာကိုစော်လျန်ကသွက်လက်စွာပြန်ဖြေမယ်လုပ်ပြီးမှရပ်တန့်ကာရှေ့ကနှစ်ယောက်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်တယ်။ပြီးတော့ခါးထောက်ပြီးမျက်မှုန်းကျိုးကာ

"ဘာလို့ပြောပြရမလဲရှင်တို့ကလူဆိုးလားလူကောင်းလားမသိပဲနဲ့မပြောပြနိုင်ဘူးတကယ်လို့သူ့ကိုဒုက္ခပေးချင်နေတယ်ဆိုရင်ဘယ်လိုလုပ်မလဲ"

"အဒေါ်ကြီး..ခင်ဗျားစိတ်ချပါကျွန်တော်တို့ကလူကောင်းတွေပါ"

"ဘာ!!!!!. .ရှင်..ရှင်ကျွန်မကိုဘယ်လိုခေါ်လိုက်လဲ!!"

"အဒေါ်.ကြီး."

"ဘာ!!!!"

ပေါက်ဆီသည်လေးကသူ့ကိုအဒေါ်ကြီးလို့ခေါ်မိတော့စွေ့စွေ့ခုန်ပါတော့တယ်။လင်မရသေးပေမဲ့အပျိုကြီးမဟုတ်ဘူးရုပ်လေးကနုနုထွတ်ထွတ်လေးကိုအဒေါ်ကြီးလို့ခေါ်စရာလား။

"ကျွန်တော့သူငယ်ချင်းအစားကျွန်တော်ကပဲတောင်းပန်ပါတယ်သူကစကားမပြောတတ်လို့ပါ"

"အနေလို့လား..ခုနက​ပြောလိုက်တာကန်းနေတာလား"

"မဟုတ်ပါဘူးသူကစကားကောင်းကောင်းမပြောတတ်လို့ပါ...ဒီလောက်လှတဲ့မမလေးကိုဘယ်လိုမျက်စိနဲ့များအဖွားကြီးလိုမြင်နိုင်ရလဲမသိပါဘူး...မမလေး...ခင်ဗျားကအရမ်းလဲလှသလိုစိတ်ထားလေးကလဲနူးညံ့လှပါတယ်အပြောလေးကလဲချိုသာနေရောပဲ"

ဒီမျက်ခုံးမွှေးထူထူနဲ့တစ်ယောက်မဆိုးဘူးဟိုဘက်ကပိန်ပိန်ရှည်ရှည်ပိုးကြွက်ဖြူထက်အဆပေါင်းများစွာသာတယ်။

TRICK ✔Where stories live. Discover now