20(uni and zawgyi)

30.2K 813 42
                                    

"ကိုကိုနဲ့တွေ့ချင်တယ်"

"ကိုကို.."

ဧည့်ကြိုကောင်တာကကောင်မလေးကမအူမလည်နဲ့ပြန်မေးလာတော့ နဒီနှင်းဆီဒေါသထွက်လွန်းလို့အံကိုတင်းတင်းကြိတ်ထားမိသည်။

"မန်နေဂျင်းဒါရိုက်တာဦးဒီမဂ္ဂမောင်ကိုပြောတာ"

"Appointmentကြိုယူထားသလားရှင့်"

နဒီခေါင်းယမ်းပြတော့ကောင်မလေးကခပ်ပြုံးပြုံးနှင့်နဒီ့ကိုကြည့်လာတာကဆွဲကုတ်ပစ်ချင်စရာကောင်းလှသည်။ ဧည့်ကြိုကောင်တာကအဆင့်နဲ့နဒီ့ကိုနှစ်သိမ့်သလိုလို၊ အားနာသလိုလိုကြည့်နေတာကိုအသည်းပေါက်လို့မဆုံး။

"Appointmentကြိုမယူထားရင် MDနဲ့တွေ့လို့မရပါဘူးရှင်"

"တောက်"

နဒီ့ဒေါသကိုဒီ့ထက်ပိုထိန်းလို့မရတော့။

"ငါဘယ်သူလဲသိလား၊ မသိသေးရင်လည်းပြောပြလိုက်မယ် Rosie Joesကနဒီနှင်းဆီပဲ"

"မရပါဘူးရှင် appointmentမယူထားရင်ဘယ်သူဖြစ်ဖြစ်တွေ့လို့မရပါဘူးရှင်"

"အခုချက်ချင်းအတွင်းရေးမှူးခန်းကိုဆက်သွယ်လိုက်"

ကောင်တာကကောင်မလေးကပြုံးရုံသာပြုံးပြပြီးမလှုပ်မယှက်ရပ်နေတော့နဒီကောင်တာကိုဘုန်းကနဲမြည်အောင်ထုပစ်လိုက်သည်။

"အခုချက်ချင်းဆက်သွယ်လိုက်လို့ပြောနေတယ်နော်၊ နင်တို့အမှားကြီးကြီးလုပ်မိနေပြီဆိုတာသိရဲ့လား၊ ငါကမကြာခင်နင်တို့MDရဲ့သက်ဆိုင်သူဖြစ်လာမှာ"

နဒီနှင်းဆီရဲ့အပြောကြောင့်ကောင်တာကကောင်မလေးကအူလှိုက်သည်းလှိုက်ရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရသည်။

ကိုယ်လည်းမိန်းကလေးပေမို့MDရဲ့အစစအရာရာပြည့်စုံမှုအောက်မတွန်းလှန်နိုင်ဘဲFacebook accountရှာကာfollowထားမိသည်။ ဒီတော့ MDရဲ့profile photo, Relationship statusတွေကိုမမြင်ချင်မှအဆုံးမဟုတ်လား။

MDကိုfollowလုပ်ထားရတာအရှုံးတော့မရှိ။ MDသူငယ်ချင်းနှစ်ယောက်ကိုတွေ့ပြီးSingleဆိုသည့်Relationship statusကိုပါတွေ့တာမို့သူတို့ကိုပါfollowပစ်လိုက်သည်။

မောင့် (Completed)Where stories live. Discover now