18 (Z) 🔞⚠️‼️

Start from the beginning
                                    

ယခုတွင် ဘရဏီက GPS အကြောင်းကို ပထမဆုံးကြားဖူးသဖြင့် အစိမ်းသက်သက်ဖြစ်နေသည်။

" ပါးပါး ... GPS ကဘာကြီးလဲ "

" လိုင်းတက်လာခဲ့ သမီး၊ app ပုံစံပြမယ် "

" ဟုတ် ပါးပါး "

ဘရဏီက သူမ၏ပါးပါးသျှန်ပြောသည့်အတိုင်း မိုဘိုင်းဒေတာအမြန်ဖွင့်ကာ လိုင်းတက်လာသည်။ သျှန်က GPS စနစ်ပါသည့် application ပုံကို chat box ထဲတွင် ပို့ထားပြီးဖြစ်သည်။

(Chatbox ထဲတွင်)

" သမီး အဲ့ app ခုပဲသွင်းလိုက် "

" ဟုတ် "

Application ကို ၅ မိနစ်လောက် download လုပ်ပြီးနောက်။

" ပါးပါး သမီး install လုပ်ပြီးပြီ "

" ok
Log in ဝင်ထားပြီးလား "

" ဟုတ် "

" ပြီးရင် ပါးပါး acc ကို add လိုက်၊ add ပြီးသွားရင် သမီးခုရောက်နေတဲ့ location ကို ပါးပါးဘက်ကနေ ကြည့်လို့ရပြီ၊ သမီးလည်း ပါးပါးနေရာကို ကြည့်လို့ရတယ် "

" ဟုတ်တယ်နော်၊ အရမ်းမိုက်တာပဲ "

သျှန်မှာ ဘရဏီ၏တက္ကစီလမ်းကြောင်းကိုကြည့်ရှုစစ်ဆေးလိုက်လျှင် တက္ကစီမှာ A လမ်းမကြီးပေါ်သို့ရောက်ရှိနေကာ ဧရိယာ point 65 ဆီသို့ဦးတည်နေသည်ကိုမြင်လျှင် ဒေါသထောင်းခနဲထသွားလျက် အံကြိတ်လိုက်ကာ စာရိုက်ခဲ့သည်။

" ဘရဏီ
ပါးပါးလိုက်လာမယ်
ဖုန်းနဲ့လူနဲ့မကွာစေနဲ့ ဟုတ်ပြီလား"

" ဟုတ်"

ဧရိယာ point 65 တည်ရှိရာ A လမ်းမကြီးပေါ်သို့ တော်ရုံတန်ရုံကားများမှ မဖြတ်သန်းသွားရဲကြပေ။ ထိုအစား တခြားသောလမ်းကြောင်းများကသာ ကွေ့ပတ်မောင်းနှင်လေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုတော့ ထို point 65 နယ်မြေအတွင်း လမ်းတစ်လျှောက်အတွင်း လမ်းပေါ်တွက် ပက်လက်အိပ်နေတတ်သော ဆေးသမားလူရမ်းကားများ၊ ဘိန်းစားများ၊ ပုရိသတကာကိုမြူဆွယ်ဖြားယောင်းနေကြသော ပြည်တန်ဆာအမျိုးသမီးများနှင့် လက်နက်ပေါင်းစုံကိုင်ဆောင်ထားသောဂန်းစတားများစွာရှိနေပြီး လာသမျှကားများကို မိုက်ကြေးခွဲကာ လုယက်ဓားပြတိုက်မှုများ၊ လူသတ်မှုများကျူးလွန်လေ့ရှိကြသည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now