ဟယ်ရီကသူ့အမာရွတ်ကထိရင်း မွန်နီနဲ့အတူစာအုပ်ကိုကြည့်သည်။ရွန်ကလည်း ဘေးနားကနေစူးစမ်းနေသည်။

"ဟယ်ရီ!ဒီစာအုပ်ကရိုးရိုးစာအုပ်မဖြစ်နိုင်ဘူး"

ရွန်ကလဲမျက်နှာသေဖြင့်

"အဲ့ဒါကိုလုပ်ပြီးဘာလုပ်ရမှာလဲဟာမွန်နီ၊ဒါကပြသာနာရှာတာနဲ့တူတယ်နော်..ဘာမှန်းမသိနဲ့"

"နင်လည်းဘာမှမသိပါဘူးရွန်!ငါလုပ်နေတာကိုငါသိပါတယ်"

ရွန်နဲ့ဟာမွန်နီရဲ့စကားအချေအတင်တွေကိုဟယ်ရီဘာမှမပြောဘဲနားထောင်နေလိုက်သည်။

"ဒီမှာ!နင်တို့ကိုငါရှင်းပြမယ်..ဒီစာအုပ်ကလျို့ဝှက်အခန်းနဲ့ဆက်စပ်နေလောက်တယ်"

"ဟမ်"

"ဟိုတစ်နေ့ကမစ္စ်မက်ဂေါ်နယ်ဂယ် ပြောတဲ့ စလဇာစေလေရဲ့ လျို့ဝှက်အခန်းဆိုတာကိုရှာရမယ်"

(စလေသရင်းတည်ထောင်သူစလဇာစလေသရင်းရဲ့လျို့ဝှက်အခန်းကိုပြောတာပါ)

"ဟိုတစ်နေ့ကငါစာကြည့်တိုက်ထဲမှာစာအုပ်ရှာရင်း စလေဇာစလေသရင်းအကြောင်း ဖတ်မိသွားတယ် ၊ စလေဇာက ဘယ်သူမှမသိအောင် လျို့ဝှက်ခန်းတစ်ခန်းတိတ်တဆိတ်ဖွင့်သွားခဲ့တာတဲ့..ဒီဟော့ဝပ်ကျောင်းထဲမှာ"

"ဟမ်!"

"ပြီးတော့..အဲ့ဒါကို စလေသရင်းရဲ့မျိုးဆက်ဖြစ်တဲ့သူကပဲ ဖွင့်လို့ရနိုင်မှာတဲ့"

အကုန်လုံးတိတ်ဆိတ်သွားသည်..။
ရေကျသံမှတပါးမရှိတော့။

"နေဦး..အဲ့ဒီတော့ဘာလဲ?ငါတို့ကရှာပြီးဘာလုပ်မှာလဲ"

ရွန်ကထမေးသည်။ဟာမွန်နီကမျက်စောင်းတစ်ချက်နဲ့သာ..

"အဲ့ဒီအခန်းကို ဟော့ဝပ်မှာလွန်ခဲ့တဲ့နှစ်တွေကတည်းကလိုက်ရှာခဲ့ကြတယ်တဲ့ ၊ ဒါပေမယ့်မတွေ့ခဲ့ဘူး!ပြီးတော့ ဒီစာအုပ်..."

လက်ထဲကစာအုပ်ကိုတစ်ချက်ကိုင်မြောက်ကာ..

"ဒီစာအုပ်ကအဲ့ဒီအခန်းနဲ့ပတ်သက်မှုရှိမယ်လို့ထင်တယ်"

"ဘာလို့လဲ"

ဟယ်ရီကဝင်မေးလိုက်ခြင်းဖြစ်သည်။

My Fujoshi Father... (ကျွန်တော့ရဲ့ Fujoshi ဖေဖေ )Where stories live. Discover now