ဆားအနည်းငယ်ထည့်ကာရေစိမ်ထားသည့်ကန်စွန်းရွက်၊ မှိုကိုဆယ်ယူလိုက်ပြီးရေစစ်ကာဘောက်ဆတ်ဆတ်လေးဖြစ်အောင်ကြော်လိုက်သည်။ ခရုဆီလျှော့ထည့်ဖို့လည်းမမေ့။
"မောင့်"
ပဲပင်ပေါက်နဲ့ကြက်ရိုးကိုရောပြီးဟင်းချိုချက်ဖို့ပြင်နေတုန်းမျက်လုံးလေးတွေကိုလက်နဲ့ပွတ်ဆွဲကာရောက်လာသည့် သည်းငယ်ကအိပ်မှုန်စုန်မွှား။ ဆံနွယ်လေးတွေကထိုးထိုးထောင်ထောင်နဲ့ပိဘိကလေးပေါက်စလေးလိုပင်။
မဂ္ဂရင်ခွင်ထဲကိုငိုမဲ့မဲ့လေးတိုးဝင်လာတာကြောင့်ဆီးကြိုကာဖက်ထားလိုက်သည်။ လွတ်ထွက်သွားမှာစိုးသည့်အလားအတင်းတိုးကပ်ဖက်နေသည့်သည်းငယ်ကြောင့်မဂ္ဂအသာပွေ့ချီလိုက်ကာဂက်စ်မီးဖိုကိုပိတ်လိုက်သည်။
စားပွဲပေါ်ကိုချပေးပေမဲ့လက်မခံ။ ခြေထောက်လေးတွေကမဂ္ဂခါးမှာရစ်ပတ်ကာ ဖားပျံလေးလိုကပ်တွယ်ထားသည်။
"ဒီမှာထိုင်နေနော်သည်းငယ်လေး၊ ကိုယ် သည်းငယ်အတွက်ညစာချက်ပေးနေတာ၊ ခဏပဲနော်"
"ဟင့်အင်း မောင်နားမှာနေမှာ"
"ဒါကိုယ့်နားပဲလေကွာ ဟင်"
"ဟင့်အင်း ဟင့်အင်း မောင့်အသားနဲ့ထိထားမှာ"
ပြောလိုက်ကာမှကြူကြူပါအောင်အော်ငိုလိုက်သည်မှာမျက်ရည်တွေလည်းတသွင်သွင်စီးကျလာသေးသည်။ မဂ္ဂပြုံးလိုက်ကာပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးပေမဲ့လည်းထပ်မံစီးကျလာသည်မှာတာကျိုးတဲ့ဆည်လိုပင်။
"ဘာလို့ငိုနေတာလဲကွာ မငိုနဲ့သည်းငယ်၊ ကိုယ်မကြိုက်ဘူးလေ ဟင်"
"အင့်.. ဟင့်.."
ရှိုက်သံတို့ပါတိုးဝင်လာတော့မဂ္ဂသက်ပြင်းသာချမိတော့သည်။
"သည်းငယ်ကစကော်လာနဲ့ကျောင်းတက်တာအပြစ်လည်းမဟုတ်ဘဲနဲ့ အင့် ဟီး.."
မျက်ရည်စီးကြောင်းတွေကိုလက်နှစ်ဖက်နဲ့ပွတ်ဆွဲကာအော်ငိုလာသည့်အာဗြဲစိန်လေးကြောင့်မဂ္ဂမှာရယ်ရခက် ငိုရခက်။
"နဒီနှင်းဆီက ဟင့် မောင့်ကိုပေးတဲ့၊ မောင်ကဖြင့်သည်းငယ်ကိုပဲချစ်တာကို"
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ
19(uni and zawgyi)
Start from the beginning