✽ အပိုင်း ၁၇ ✽

Start from the beginning
                                    

" အင်း ခဏစောင့်၊ ငါ မွေ့လေးအတွက် ဟင်းချက်တာတွေ လတ်စသတ်ပြီးရင် လာခဲ့မယ်"

" အေး "

ဖုန်းချလိုက်သောနေဟန်မှိုင်း၏မျက်နှာအနေအထားကိုကြည့်နေသည့် သိမ်မွေ့စံနွယ်မှာ အနည်းငယ်စိုးရိမ်သွားသည်။

" ကိုကို အစ်ကိုသျှန်ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ဘူး သဲတုန်၊ သူလုပ်ငန်းတစ်ခုအသစ်လုပ်ဖို့ ဆွေးနွေးချင်တယ်၊ သူ့အိမ်ခဏလောက်လာပါဆိုလို့ "

" ဪ ... အရမ်းနောက်တော့မကျစေနဲ့နော် ကိုကို၊ ခုသွားတော့လေ၊ ကျနိတာမွေ့ဆက်လုပ်ထားလိုက်မယ် "

" အွန်းပါ သဲတုန်၊ ကျေးဇူးပါပဲ"

နေဟန်မှိုင်းလည်း သူ၏စာဖိုးမှူးဝတ်စုံကိုချွတ်ကာ အိပ်ခန်းထဲသို့အမြန်သွားလျက် အင်္ကျီလဲဝတ်ခဲ့သည်။ ထို့နောက်အခန်းပြင်သို့ထွက်လာကာ ကားသော့ယူ​၏။

" ကိုကို သွားပြီ ... အာဘွား"

သိမ်မွေ့စံနွယ်အား နှုတ်ဆက်အနမ်းပေးခဲ့ပြီးနောက် သျှန်ဆီကို ထွက်လာခဲ့သည်။

သျှန်မှာ ဧရိယာ Point 65 အနီရောင်နယ်မြေကို သူနှင့်အလွန်ရင်းနှီးသောမိဘမဲ့ဂေဟာက ကလေးမလေးကြောင့် ရောက်ရှိနေခဲ့ခြင်းပင်။ သျှန်က သူ့မွေးနေ့ရောက်တိုင်း သူကြီးပြင်းခဲ့သော မြို့၏နာမည်ကြီးမိဘမဲ့ဂေဟာသို့ ငွေကြေးနှင့်အသုံးအဆောင်ပစ္စည်းများအား သွားရောက်လှူဒါန်းလေ့ရှိသည်။ ထို့အပြင် ကလေးများနှင့်လည်း တရင်းတနှီးနေတတ်၏။ ၎င်းကလေးများထဲတွင် နေဟန်မှိုင်းမှ ညီမလေးတစ်ယောက်ကဲ့သို့ အလွန်ချစ်ခင်သနားမိသော ဘရဏီဟူသည့် ၁၀ နှစ်အရွယ်ကလေးမလေးတစ်ယောက်ရှိပေသည်။

ထိုကလေးမလေးမှာမူ သူမ၏မွေးမိဘနှစ်ပါးအရင်းခေါက်ခေါက်များမှ လမ်းဘေးတွင် တောင်းစားခိုင်းခြင်းကိုခံရပြီး ငယ်စဥ်ကတည်းကနေ အသေအကျေရိုက်နှက်မှုကို အလူးအလဲခံစားရ၏။

ကလေးမလေးနှင့်သျှန်တွေ့ဆုံပုံမှာလွန်ခဲ့သော ၃နှစ်ခန့်က မိုးများသည်းထန်သော နေ့တစ်နေ၏နေ့လည်ပိုင်းတွင် သျှန်တစ်ယောက် မီးပွိုင့်မိနေစဥ် အသဲပြဲနှင့်ငိုယိုနေသောကလေးမလေးကို မြင်တွေ့ခဲ့ရသည်။ သူမသည် ပိုက်ဆံတောင်းစားရာတွင် တစ်ပြားတစ်ချပ်မှမရရှိသဖြင့် သူမ၏မိခင်အရင်းမှ အသားကုန်ရိုက်နှက်နေသည်ကို သျှန်မြင်ရလျှင်မြင်ရချင်း ကားပေါ်ကဆင်းလာခဲ့ကာ ကလေးမလေးကို ကာကွယ်ပေးခဲ့သည်။ ထို့နောက် ရိုက်နှက်ရသည့် အကြောင်းအရင်းကိုသိလျှင် သျှန်ကချက်ချင်း သူ့ကားထဲသို့ ပြန်သွားခဲ့ပြီး ပိုက်ဆံငွေ ၅ သိန်းကို ပလတ်စတစ်အိတ်ပတ်ကာ ထိုအမျိုးသမီးအား ပစ်ပေးခဲ့၍ ကလေးမလေးကို ဆွဲခေါ်လာခဲ့သည်။ ငွေထုတ်မြင်သော အမျိုးသမီးမှာလည်း သမီးဖြစ်သူ သူစိမ်းကားပေါ်ပါသွားသည်ကိုတောင် မျက်နှာမပျက်ဘဲ မိုးရေထဲ ငွေထုတ်ပိုက်ကာ ရွံစရာအပြုံးများဖြင့် ကျန်ရစ်ခဲ့တော့သည်။

မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//Where stories live. Discover now