"Bossကျွန်တော်တို့ဆုတ်ရအောင်အခြေအနေမဟန်ဘူးနော်"

"ဒီချိန်လောက်ဆိုChuoလဲငါခိုင်းတာလုပ်ပြီးလောက်ပြီ...ပြန်ဆုတ်ရအောင်"

Chuoကိုဘာခိုင်းထားလဲမသိပေမဲ့ဒီအချိန်မှာBossအသက်ကပိုအရေးကြီးတာမလို့ပြန်ဆုတ်ဖို့လုပ်ရသည်။Bossကိုနောက်မှာပို့ထားပြီးသူကတော့နောက်ပြန်လျောက်ကာသေနတ်ကိုတရဆက်ပစ်နေတော့တယ်။အထဲကလူတွေကထွက်လာပြီးကြီးကျယ်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်လာသည်။

"အ့"

"Jackson"

"ကျွန်တော်ရတယ်မကြာခင်လုံခြုံရေးတွေနဲ့ဥပဒေဘက်တော်သားတွေရောက်လာတော့မယ်ဒီနေရာကအမြန်ထွက်မှဖြစ်မယ်.."

သွေးတွေစိမ့်ထွက်နေတဲ့ဝမ်းဗိုက်ကိုဖိပြီးJacksonကပြောသည်။သွေးအများကြီးထွက်လာတာမလို့သူ့အခြေအနေမဟန်တော့ဘူး။အရေးကြီးတာBossပဲ...အန္တရာယ်ကင်းကင်းနဲ့အပြင်ရောက်နိုင်ရမယ်။

ဒိုင်း!!. .ဒိုင်း!!!ဒိုင်း!!!

တစ်ဖက်ကလူတွေအတုန်းအရုန်းလဲကျသွားတာမလို့Jacksonကြည့်လိုက်တော့ထိုလူတွေရဲ့အနောက်မှာမျက်နှာဖုံးနဲ့ရပ်နေတဲ့လူတစ်ယောက်။ကြည့်ရတာChuoလွတ်လိုက်တာထင်တယ်..ခေါင်းတစ်ချက်ငြိမ့်ပြပြီးနောက်လှည့်ကြည့်ဖို့လုပ်နေတဲ့Bossကိုဆွဲကာအမြန်ပြေးရတော့သည်။Bossကအရေးကြီးတယ်နောက်ကကိစ္စတွေကိုမျက်နှာဖုံးနဲ့လူရှင်းလိမ့်မယ်။

ဝမ်ရိပေါ်အနောက်လှည့်ကြည့်ပေမဲ့ဝိုးတဝါးနဲ့မျက်နှာဖုံးနဲ့ပုံရိပ်လေးကသူတို့ကိုကယ်တင်လိုက်တယ်။ဒီပုံရိပ်ကသူ့အတွက်ရင်းနှီးပေမဲ့ဝေးကွာလွန်းလာတော့သဲသဲကွဲကွဲမမြင်ရတော့ပေ။နောက်ကိုလည်ပြန်လှည့်ကြည်​့ရင်းနဲ့သာJacksonဆွဲခေါ်ရာသို့ပါသွားခဲ့တော့သည်။

ရှောင်းကျန့်ကတစ်ဖက်လူတွေကိုစိန်ခေါ်ပြီးနောက်ဝမ်ရိပေါ်လွတ်အောင်ပြေးသွားတာကိုကြည့်ပြီးမှသက်ပြင်းချကာတန်းနေအောင်ပြေးတော့သည်။ဟိုလူတွေကလဲသူ့နောက်ကိုပြေးလိုက်လာကြတယ်။

ဒိုင်း!!

ပုခုံးကိုတစ်ချက်ထိသွားတော့နောက်လှည့်ကာပြန်ပစ်လိုက်တယ်။သူ့ကိုပစ်တဲ့သူရဲ့ရင်ညွှန့်ကိုမှန်သွားတော့သေနတ်သံတွေကအဆက်မပြတ်ထပ်မံထွက်ပေါ်လာသည်။

TRICK ✔Where stories live. Discover now