ဒါကြောင့် ပိုင်မုက တကြိမ်လောက် ဘုန်းကြီးအဖြစ် ပြုမူခဲ့တယ်။ သူက အယ်လီကို ပြောလိုက်တယ်။"အယ်လီ သင်ဟာ အေဘယ်ကို သင်ရဲ့ပါတနာဖြစ်စေလိုပါသလား တခြားဘာအကြောင်းပဲရှိရှိ သူ့ကို ချစ်ပေးပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးပြီး သူ့ကို လေးစားပေးပြီးတော့ သင့်ဘ၀အဆုံးသတ်ထိတိုင်အောင် သစ္စာစောင့်သိပါမည်လား"

"ကျွန်တော်လုပ်ပါမယ်" ဒါက အရင်က တခါမှမဖြစ်ဖူးတဲ့အရာတစ်ခုဖြစ်တာကြောင့် အယ်လီက ထိတ်လန့်သွားပြီး ထို့နောက်  သဘောတူညီကြောင်း ပြန်ဖြေလိုက်တယ်။

ထို့နောက် ပိုင်မုက အေဘယ်ကိုကြည့်ပြီး ထပ်ပြောလိုက်တယ်"အေဘယ် သင်ဟာ အယ်လီကို သင်ရဲ့ပါတနာဖြစ်စေလိုပါသလား တခြားဘာအကြောင်းပဲရှိရှိ သူ့ကို ချစ်ပေးပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးပြီး သူ့ကို လေးစားပေးပြီးတော့ သင့်ဘ၀အဆုံးသတ်ထိတိုင်အောင် သစ္စာစောင့်သိပါမည်လား"

“ကျွန်တော်လုပ်ပါမယ် ” အေဘယ်နဲ့အယ်လီက တစ်ယောက်ကိုတစ်ယောက်ပြုံးပြလိုက်ကြပြီး ချိုမြိန်တဲ့ အပြုံးတွေက ပိုင်မုကိုတောင် နစ်မြုပ်ပစ်လုနီးပါးပဲ။ ထို့နောက် ပိုင်မုက အချင်းချင်းရဲ့ လက်ကို ဆုပ်ကိုင်ခိုင်းပြီး  ကြီးမြတ်တဲ့နတ်ဘုရားရဲ့နာမည်နဲ့ လေးနက်စွာ ကျိန်ဆိုခိုင်းတယ် : တစ်ယောက်ကို တစ်ယောက် လက်တွဲဖော်အဖြစ် လက်ခံတဲ့ ယနေ့မှစပြီး ကံဆိုးမှုတွေ ပပျောက်ပါစေ၊ ရောဂါဘယကင်းဝေးပါစေ၊ အချင်းချင်း သေတဲ့ထိတိုင်အောင် ချစ်မြတ်နိုးပြီး လေးစားကြမယ်။

သူတို့နှစ်ယောက်က ကျိန်ဆိုလိုက်ကြပြီးနောက် ပိုင်မုက ပြုံးပြီးပြောလိုက်တယ် ။"မင်းတို့ တရားဝင်လက်ထပ်လိုက်ပြီဆိုတာ နတ်ဘုရားရဲ့ဂုဏ်တော်နဲ့ငါကြေငြာတယ် နတ်ဘုရားတွေရဲ့ကောင်းချီးတွေကို ခွဲလို့မရဘူး အေဘယ် မင်း အယ်လီကိုနမ်းလို့ရပြီ"

ဒီနေရာက တွဲဖက်ပွဲအခမ်းအနားမှာ နမ်းတဲ့လုပ်ငန်းစဉ်ရှိပေမယ့်လည်း အခြားသူတစ်ဦးရဲ့နဖူးကိုသာ နမ်းရတာကြောင့် ဒီနေရာမှာရှိတဲ့လူတွေက အရမ်းသိမ်မွေ့နေဆဲဖြစ်တယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now