ထို့နောက် လူတိုင်းရဲ့အားပေးမှုတွေကြားမှာ အေဘယ်က သူ့ရင်ခွင်ထဲက အယ်လီနဲ့အတူ ယဇ်ပလ္လင်ပေါ်ကို ခုန်တက်သွားတယ်။ အေဘယ်က  ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မီးခိုးရောင် အမွေးပွကိုယ်တိအင်္ကျီကို ဝတ်ဆင်ထားပြီး အောက်ပိုင်းမှာ  မြွေသားရေနဲ့ပြုလုပ်ထားတဲ့ သားရေဘောင်းဘီတိုကို ၀တ်ဆင်ထားတယ်။ ဝတ်စားဆင်ယင်မှု တစ်ခုလုံးက သူ့ရဲ့ကြွက်သားပုံစံကို ဖော်ပြထားပြီး သူ့ကို ပိုမိုဆွဲဆောင်မှုရှိစေတယ် ။

အယ်လီက မီးတောက်မြေခွေးသားမွေးနဲ့ ပြုလုပ်ထားတဲ့ ကုတ် အင်္ကျီရှည်နဲ့ အေဘယ်လိုမျိုး သားရေဘောင်းဘီတစ်ထည်ကို ၀တ်ဆင်ထားတယ်။ အင်္ကျီရဲ့ခါးကို ကောင်းကောင်းပြုလုပ်ထားပြီး အယ်လီဝတ်ပြီးနောက်မှာ ခါးက အရမ်းသေးသွယ်တယ် ။ မီးတောက်ရောင်ကုတ်အင်္ကျီက သူ့ကိုအနည်းငယ်စွဲမက်ဖွယ်ကောင်းစေပြီး အနည်းငယ်လည်း တောက်ပစေတယ်။

ယဇ်ပလ္လင်ပေါ်တက်ပြီးနောက်ယဇ်ပလ္လင်အလယ်မှာရပ်ပြီး အရှေ့အရပ်ကို အရိုအသေပေး
ကြတယ်။ ထို့နောက် ကြီးမြတ်တဲ့စုန်းမက သူတို့ကို ကောင်းချီးပေးဖို့အတွက် ကြီးမြတ်တဲ့နတ်ဘုရားဆီ မေးမြန်းပြီး ကောင်းချီးပေးပြီးနောက်မှာ အရှေ့အရပ်ကို  သုံးကြိမ်တိုင်တိုင် အရိုအသေပေးကြတယ်။နောက်တစ်ခုကတော့ ဘုရားသခင်ရဲ့ တမန်တော်က သူတို့ကိုကောင်းချီးပေးဖို့ဖြစ်တဲ့အတွက် ဒီတစ်ကြိမ်က ပိုင်မုထွက်ပေါ်လာရမယ့် အလှည့်ပါပဲ။

ခဲယ်လ်တစ်ရဲ့အကူအညီနဲ့ သူက ယဇ်ပလ္လင်ပေါ်ကိုလာပြီး အယ်လီနဲ့အေဘယ်တို့ရှေ့မှာ ရပ်လိုက်တယ်။
နှစ်ယောက်သားက ခေါင်းငုံ့လိုက်ကြတယ်။ ပိုင်မုက သူ့ရဲ့ညာလက်ကိုဆန့်လိုက်ပြီး အယ်လီရဲ့ဦးခေါင်းထိပ်ကို ဦးစွာထိလိုက်ကာ ထို့နောက်  အေဘယ်ရဲ့ဦးခေါင်းထိပ်ကို ထပ်မံထိလိုက်တယ်။ သူက တခုခုပြောပေးပြီး ကောင်းချီးပေးကာ သူတို့ရဲ့ ပေါင်းဖက်မှုကို သက်သေပြုပေးရမယ်လို့ ကြီးမြတ်တဲ့စုန်းမက သူ့ကို မနေ့က ပြောခဲ့တယ်။

တစ်ညလုံး ခေါင်းကုတ်နေရတဲ့ပိုင်မုက  ကြီးမြတ်တဲ့စုန်းမရဲ့ အိမ်ထောင်ရေးသက်သေပြုချက်ကိုပဲ လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။မူလက သူက တရုတ်စတိုင်ကို ပြုလုပ်ပေးချင်ပေမယ့်လည်း အခုက ကောင်းကင်နဲ့မြေကြီးကို အရိုအသေပေးပြီး *Gaotangကို နှစ်ကြိမ်အရိုအသေပေးဖို့က သိသိသာသာကို မသင့်လျော်ဘူး။ အခု အသွင်အပြင်က နိုင်ငံခြားသားတွေနဲ့ အတူတူပါပဲ၊ အနောက်တိုင်းစတိုင်သက်သေခံချက်တစ်ခု ရလိုက်ရုံပါပဲရှိတယ်။(T/N-သိသလိုလိုရှိပေမယ့် သိပ်မသေချာလို့ ဒီတိုင်းပဲရေးပေးလိုက်တယ်)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now