" ဘာလို့လဲ ကိုယ့်ကောင်မလေးရဲ့အတွင်းခံလေးတွေပဲကို "
" ဟယ် ဒါပေမဲ့ ငရဲကြီးမယ်လေ ... မကောင်းဘူးလေ "
" ကောင်းပါတယ် ... မရှက်နေပါနဲ့ကွာ၊ တစ်လက်စတည်း အင်္ကျီဝတ်ပေးမယ်လေ "
" တော်ပါပြီ၊ တကယ်မလွယ်တဲ့လူကြီးပဲ၊ ကြာလေ ဆိုးလေ၊ အခန်းထဲကနေ ထွက်ပေးပါတော့ ... အဝတ်ဝတ်တော့မယ်"
" ထွက်စရာလိုလို့လား ... ကိုယ်ကျောပေးထားမယ်လေ "
" မယုံဘူး ... ရေချိုးခန်းထဲမှာပဲ သွားလဲတော့မယ် "
" စတာပါ မွေ့စံလေးရယ်၊ ကိုကို ထွက်ပေးပါ့မယ် "
နေဟန်မှိုင်းမှာ မျက်နှာပိုးမသတ်နိုင်ဘဲ ပြုံးဖြီးလျက် သိမ်မွေ့စံနွယ်၏ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ဆွဲလိုက်ပြီးလျှင် အခန်းထဲကနေ ထွက်သွားသည်။ ထိုမှသာ သိမ်မွေ့စံနွယ်လည်း စိတ်အေးအေး အင်္ကျီလဲနိုင်တော့သည်။
ထို့နောက် နေဟန်မှိုင်းက တံခါးခေါက်လာသည်။
" မွေ့လေးကို ဘော်လီချိတ်တပ်ပေးရအုံးမလား "
" ..... "
သိမ်မွေ့စံနွယ်မှာ ပြောစရာစကားပျောက်သွားသည်။ ဝတ်လက်စနေဟန်မှိုင်း၏ဘောင်းဘီတိုကိုသာ အပေါ်သို့ ဆွဲတင်ဝတ်လိုက်ပြီး ပြန်ဖြေကြားသည်။
" မလိုပါဘူး ... အကုန်ဝတ်ပြီးပြီ "
သိမ်မွေ့စံနွယ်က အခန်းတံခါးဖွင့်ပေးလိုက်သည့်အခါ နေဟန်မှိုင်းက သူမပုံစံကိုမြင်ရင်း သဘောကျမိနေသည်။
" ကိုကို့အင်္ကျီတွေဝတ်ထားလည်း ငယ်လေးက လှနေတာပဲ ... ဘာမှမဝတ်ထားရင်လည်း ပိုလှမှာ "
" တဖြည်းဖြည်းကြက်သီးတောင်ထလာပြီ ဦးနေဟန်မှိုင်းရယ် "
သိမ်မွေ့စံနွယ်မှာ ' ဒီဦးလေးကြီး တော်တော်မလွယ်တာပဲ' ဟူသော စိတ်ကုန်နေသည့်မျက်နှာပေးဖြင့် နေဟန်မှိုင်းကိုကြည့်ကာ အနည်းငယ်ခေါင်းခါနေမိသည်။ နေဟန်မှိုင်းက အခန်းတံခါးကို ပြန်ပိတ်ခဲ့ပြီးနောက် သူမမျက်လုံးများကိုစိုက်ကြည့်နေခဲ့သည်။
" ဘယ်အချိန်ပြန်မှာလဲ ... နည်းနည်းနောက်ကျမှ ပြန်ပေးပါလား၊ ကိုယ် မွေ့စံလေးနဲ့ စကားအများကြီးပြောချင်တယ်၊ အတူတူနေချင်တယ် "
![](https://img.wattpad.com/cover/335253508-288-k604363.jpg)
YOU ARE READING
မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင်နာငွေ့လေး//Completed//
Romance" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သူ့ကြောင့်လို့ထင်လဲ။ နှစ်ယောက်မရှိတဲ့ ကိုယ့်မိန်းကလေးကြောင့်ပေါ့ ... " 🤍 Normal OC Fic လေးပါ 🤍 Eternal Sunshine (BL) နှင့် ဆက်စပ်မှုရှိပါ...
11 (Z)
Start from the beginning